ဆူး - Part 40

4.7K 446 22
                                    

( ZawGyi )

တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှခြေမချဖူးခဲ့သော ဤနေရာ။ အကျဉ်းသားများ၊ ရာဇဝတ်သားများအပြင် ဆူဆူညံညံနှင့် မနှစ်မြို့ဖွယ်ရာဖြစ်သည်။

' ကော ဟိုဘက်မှာ ကျွန်တော့်လူရှိတယ် သွားရအောင် '

အကျင့်ကမပျောက်သေးပေ။ တစ်နေရာရာ သွားပြီဆိုတာနဲ့ ရှောင်ကျန့်လက်ချောင်းများကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတတ်သည်။ယခုတွင်လည်းသတိလက်လွတ် လက်ကိုသွားကိုင်မိနေပြန်သည်။

ရှောင်ကျန့်ကတော့ ကိုင်ထားသော ရိပေါ်လက်များကို ငုံ့ကြည့်ရင်း လက်ဆွဲရာသာ လိုက်ပါသွားတော့သည်။
လွှတ်ပေးပါလို့လည်း မတောင်းဆိုဖြစ်ခဲ့။

' ကျွန်တော့်ကို မနေ့က cctv ကြည့်လို့ရပြီလို့ ခေါ်ထားလို့ပါ '

' ဟုတ်။ ကျွန်တော်တို့တော့ကြည့်ပြီး အတည်ပြုကြည့်ထားပါတယ်။ လူတိုင်းကိုဖွင့်ပြပေးဖို့တော့မဖြစ်နိုင်ဘူးဗျ '

' ဘာလဲ။ ဒါဆို ကျွန်တော်တို့ကို ဘာလို့ ခေါ်ထားသေးလဲ။ ကျွန်တော် က တရားခံက ဘယ်သူလဲဆိုတာ သိချင်လို့ နိုင်ငံခြားကနေတောင်ချက်ချင်း လာရတာ။ ခင်ဗျားတို့ဒါတော့မဟုတ်သေးပါဘူး '

တော်ရုံ ရန်မတွေ့တတ်သော ရှောင်ကျန့်ပင် ဝင်ပြောလာပြီဆိုတော့ တော်ရုံ စိတ်တိုနေခြင်းမဟုတ်မှန်းရိပေါ် သဘောပေါက်သွားသည်။

' ကော စိတ်အေးအေးထားပါ '

ပုခုံးလေးကို လှမ်းပုတ်ပေးလိုက်ကာ စိတ်ဖြေခိုင်းနေရသည်။

အေးဆေးတည်ငြိမ်လွန်းတဲ့ ကျွန်တော့်ကောတောင်ဒေါသတွေ ထွက်တတ်နေပြီပဲ။

' ကျွန်တော်တို့ သေချာစစ်ဆေးပြီးပါပြီ။ တရားခံလို့ထင်ရတဲ့ လူနှစ်ယောက်က အဲ့အဝေးပြေးလမ်းမပေါ်မှာ ည ၈နာရီလောက်ထဲက ထိုင်စောင့်နေခဲ့တာ။အသက် ၃၀ နီးပါးပေါ့။ သူတို့အကြာကြီး ရပ်ပြီးကားလာတာကိုစောင့်နေသလိုပဲ။ ခပ်ချွန်ချွန်တွေနဲ့ ပိုက်ကွန်လိုမျိုးအရာတစ်ခုကို ကားလာခါနီး လှမ်းပစ်ချပြီး ထွက်ပြေးကြရော။ ကျွန်တော်တို့တော့ သေချာပေါက် အဲ့လိုမြင်ခဲ့ကြတာပဲ '

ဆူးDonde viven las historias. Descúbrelo ahora