ဆူး - Part 35

4.1K 409 46
                                    

( ZawGyi )

Passport အား လက်တွင်ကိုင်လျက် Luggage အား ကျန်လက်တဖက်မှဆွဲကာ airport ထဲသို့ခြေချနေပြီဖြစ်သည်။

ကျွန်တော့်ကို မမြင်ရလို့ ကော ခဏတော့ စိတ်ချမ်းသာပါလိမ့်မယ်။ ကျွန်တော်လဲ တစ်ခါတစ်လေ ကော ကို အပြည့်အဝကာကွယ်ပေးနိုင်တဲ့ ယောကျာ်းသားတယောက်ဖြစ်ချင်တယ်။ကောရဲ့ ယုံကြည်အားကိုးမှုတွေကိုလိုအပ်တယ်။ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားသွားမယ် ကော။ ကော ရှေ့က မားမားမတ်မတ် ရပ်တည်နိုင်ပြီးတော့ ကောရဲ့ ပြဿနာတိုင်းကို ဖြေရှင်းပေးနိုင်တဲ့ ဝမ်ရိပေါ် အဖြစ် ကျွန်တော် ပြန်လာခဲ့မယ် ကော။

လေယာဉ်ပေါ်တွင် ငြိမ့်ငြောင်းစွာ ထိုင်လျက် ဘေးမှ ဖြတ်ပြေးသွားလေသော အဖြူရောင်တိမ်စိုင်များအား ကြည့်ကာ သူ တိုင်တည်မိလိုက်သည်။

               ~~

ဆေးရုံ ကုတင်ထက်မှ ရှောင်ကျန့် ပါး၏ ရင်ဘတ်အစုံသည် ရုတ်တရက် နိမ့်ချည်မြင့်ချည်ဖြစ်လာသည်။သူ့လက်အစုံဖြင့် အောက်ဆီဂျင် ဘူးအား အတင်းဆွဲဖြုတ်ပြီး ရုန်းရင်း ဆန်ခတ်ဖြစ်လာသည်။ကုတင်ပေါ်တွင် အလူးအလဲ ရုန်းကန်ရင်း စကားများပလုံးပထွေးပြောလာသည်။

အောက်ထပ်ဆေးကောင်တာ မှဆေးသွားဝယ်ပြီး ပြန်အလာတွင် ရှောင်ကျန့် မြင်လိုက်ရသော သူ့ပါး၏ အသည်းအသန် အခြေအနေ ကြောင့်နှလုံးသွေးတို့ ပြောင်းပြန်စီးဆင်းလာသကဲ့သို့ပင်။

' ပါး '

' ပါး ဘာဖြစ်တာလဲ '

လက်ထဲတွင် ကိုင်ထားသော ဆေးထုပ်လေးအား လွှတ်ချလိုက်ပြီး ကုတင်ထက်မှ သူ့ပါး၏ ရင်ဘတ်အစုံကို လက်ဖြင့် အုပ်မိုးကာ ကိုင်ကြည့်မိသည်။

လုံးဝ အကိုင်မခံဘဲ အသားကုန် ရုန်းကန်နေသည့်အပြင် ကုတင်ကို လက်ဖြင့် တဗုန်းဗုန်းမြည်အောင် ထုနေလေသည်။ သေခါနီး လူနာတယောက်ရဲ့ နောက်ဆုံးအချိန်သည် ယင်ကောင်တကောင် လာနားလျှင်ပင် တုတ်နဲ့ ရိုက်သလောက် နာကျင်သည်ဆိုတာ သူကြားဖူးနားဝရှိသည်။

သူ့ ပါး၏ မျက်လုံးအိမ်ထဲတွင် မျက်ရည်များဝိုင်းနေပြီး စိတ်မချဟန်ဖြစ်နေသည်။ ပါးစပ်မှလည်း မနားတမ်း ပလုံးပထွေးဖြင့် စကားများ ပြောနေသည်။

ဆူးWhere stories live. Discover now