ဆူး - Part 12 ဒုတိယအကြိမ်ဝန်ခံမိခြင်း

6.7K 575 35
                                    

[ Zawgyi ]

နေ့တိုင်း ကျောင်းလဲ မတက်ရဘဲ အိမ်မှာ စာဖတ်လိုက် သီချင်းဆိုလိုက်ပဲလုပ်နေရတာဟာ ရှောင်ကျန့်အတွက် အမှန်တကယ်တော့ အထီးကျန်စေသည်။

အိမ်သန့်ရှင်းရေးလုပ် ရေချိုး သူ့မာမား အထည်
စာရင်းတွေစစ်ပေးပြီးနောက် သူ့အခန်းထဲက
ကုလားထိုင်လေးပေါ်မှာ ထိုင်ရင်း ရိပေါ် ကို ဖုန်းဆက်
ကြည့်သေးသော်လည်း ဆက်လို့ ဘယ်လိုမှမရပါ။

သူက ဒီလို ကိစ္စတွေမှာ သိပ်လည်လည်ဝယ်ဝယ် မရှိတာကြောင့် ယွီပင်း ကိုသာ ဖုန်းဆက်ပြီး coffee
ဆိုင်မှာချိန်းလိုက်သည်။

ယွီပင်းကလဲ ရှောင်ကျန့်ကိုတော့ အတော်လေးခင်
သည်။ တက္ကသိုလ်ရောက်မှသိတဲ့ သူငယ်ချင်းတွေဆို
ပေမယ့် ငယ်ငယ်ထဲက သိလာခင်လာတဲ့ လူတွေလိုပဲ။ ဆက်ဆံရေးကကောင်းမွန်လွန်းသည်။

ရှောင်ကျန့်ဘယ်အချိန်ချိန်လိုလို အပြေးလာသည်။
ရှောင်ကျန့် ကလည်း ထိုနည်းလည်းကောင်းပင်။အနစ်နာခံကာ ပြောပြောဆိုဆိုပေါင်းသင်းသည်။ တစ်နှစ်ထက်တနှစ် ကျောင်းပြီးခါနီးဒီလို အချိန်ထိ ရန်
ဖြစ်ဖူးတယ်ဆိုတာမရှိခဲ့ပေ။နောက်ကြပြောင်ကြနှင့် စိတ်လဲမဆိုးတတ်။

အခုတခါလဲ အရင်လိုပဲ ရှောင်ကျန့် ခေါ်တော့ ချိန်းတဲ့
နေရာကိုယွီပင်းလာပေးရှာပါသည်။ ဒါပေမဲ့ ယွီပင်းရဲ့ထုံးစံအတိုင်း အချိန်မလေးစားမှုကိုတော့ ရှောင်ကျန့်
သဘောမကျ။ အမြဲခေါ်တိုင်း အနည်းလေး နာရီဝက်
လောက်ကနောက်ကျစမြဲမို့ သူ့ဘက်ကသာ အမြဲ
စောင့်ရသည်။

ဒီနေ့လဲ ချိန်းထားပြီး မိနစ် ၅၀ အကြာမှသာ ရောက်
လာသည်။ ရောက်တာနဲ့ ရှောင်ကျန့်စိတ်ဆိုးချိန်မရှိ
အောင်ပင်စကားကို ခင်ခင်မင်မင် ဖော်ဖော်ရွေရွေပြောတတ်သည်။

' ဆောတီးကွာ နည်းနည်းနောက်ကျသွားတယ် ထွက်လာတဲ့အချိန်ကျမှပဲ ခွေးက လမ်းထဲမှာ ပြေးပြေးလွှားလွှားနဲ့ ငါ့နောက်ပြေးလိုက်လို့ ရှောင်လိုက်ပုန်း
လိုက်ရတာမှမောလိုက်တာကွာ '

ပြောရင်း waiter ကို မျက်စပစ်ကာလှမ်းခေါ်ပြီး အအေးတခွက်လှမ်းမှာသည်။

ဆူးOnde as histórias ganham vida. Descobre agora