ဆူး - Part 32

4.1K 373 27
                                    

( ZawGyi )

နေမင်းကြီးသည် ညို့မှိုင်းမှိုင်း ကောင်းကင်ကြီးဆီသို့ နစ်မြုပ်စပြုနေပြီဖြစ်သည်။ ဆောင်းတွင်းမကုန်သေးသော ထို ညနေချမ်းအတွက် လေပြည်အေးသည် အသည်းခိုက်အောင် တဖြူးဖြူးတိုက်ခတ်လာပြီဖြစ်သည်။ သောင်ပြင်ပေါ်မှ သဲ ဖြူဖြူစများမှာ လေအဟုန်ကြောင့် လေထဲတွင် ခပ်ငွေ့ငွေ့လေး လွင့်မျောနေသည်။ခပ်မြင့်မြင့် အုန်းပင်ကြီးများသည်လည်း ဘယ်ညာယိမ်းနွဲ့လျှက်ရှိနေသည်။အိပ်တန်းတက်တော့မည့် ကြိုးကြာငှက်ဖြူများသည် ကောင်းကင်ထက်တွင် အတောင်စုံစွာ ပျံသန်းနေသည်။ ပန်းချီ ကားတချပ်ပမာ လှပသော ကမ်းခြေအလှကို ငေးမော ကြည့်နေသော သူတို့နှစ်ယောက်၏ စိတ်များဟာ အသစ်တဖန်ပြန်လည်လန်းဆန်းလာသည်။

သဲသောင်ပြင်ပေါ်တွင် ဘေးချင်းကပ်ထိုင်ရင်း သူ့ပုခုံးပေါ် ခေါင်းလေးမှီကာ ပင်လယ်ပြင်ကြီးအား ငေးမောနေသော ရှောင်ကျန့်အား ရိပေါ် ခေါင်းလေးစောင်းရင်း ပြုံးကြည့်နေမိသည်။

' ကော ဟိုမှာ နေဝင်သွားပြီတွေ့လား '

ပျောက်ကွယ်လုဆဲဆဲ နေမင်းကြီးအား လက်ညှိုးထိုးပြကာ သူ့ကော ကို ပြနေလေသည်။

' အင်း အရမ်းလှတာပဲနော်။ ဒီလိုမြင်ကွင်းမျိုး ကော တခါမှ မကြည့်ဖူးဘူး '

' တကယ်ပြောတာလား ကော။ ကောက ကမ်းခြေကိုခရီးမထွက်ဖူးဘူးလား '

' အင်း ဟုတ်တယ်။ ဒီအချိန်လေးက ကော အတွက် ပျော်စရာအကောင်းဆုံးပဲ '

ရိပေါ် တွေးလိုက်မိသည်။ ကော က ဘာကိုပြောချင်တာပါလိမ့်။ သူနဲ့ အတူတူရှိနေရတာကို ပျော်တာလား။ နေဝင်ဆည်းဆာချိန်လေးကို ကြည့်နေရလို့ ပျော်တာလား။ သို့သော် သူ ထုတ်မမေးဖြစ်ချေ။

' ကော.. ကျွန်တော်..ကောကိုလိုအပ်တယ်။ ဘယ်လိုအခြေအနေပဲ ရောက်နေနေပေါ့။ ကျွန်တော့်ဘဝနေဝင်ချိန်အထိ ကောနဲ့ အတူတူရှိနေချင်တယ်။ ကော က ကျွန်တော့် ဘဝအတွက် နောက်တစ်ခါ မရနိုင်တော့မယ့် တစ်ခုတည်းသော ဆုလာဘ်ဘဲ။ '

ရှောင်ကျန့် ကတော့ ရိပေါ် ပုခုံးပေါ် မှီနေရင်းက ခေါင်းလေးထောင်လာပြီး ရုတ်တရက် ရိပေါ်လည်ပင်းကိုသိုင်းဖက်ကာ ရိပေါ် နှုတ်ခမ်းများကို သူ့နှုတ်ခမ်းများဖြင့် ထပ်တူကျစေတော့သည်။

ဆူးWhere stories live. Discover now