ဆူး - Part 25

4.8K 385 13
                                    

( ZawGyi )

' ကော ထတော့လေ ။ ၉ နာရီတောင်ကျော်နေပြီ '

စောင်ပုံထဲတွင် ကွေးကွေးလေးအိပ်နေသော ရှောင်ကျန့်အား မျက်နှာလေးကိုကိုင်လျက် ရိပေါ် လှုပ်နှိုးနေသည်။

' ငါးမိနစ်ပဲ နော် နော် '

လက်ငါးချောင်း ထောင်ပြရင်း နှုတ်ခမ်းလေးဆူကာ ပြောနေပြန်သည်။

' မရဘူး ကော ထတော့ ထ '

' ဟာ ရိပေါ် ကလည်း '

ငုတ်တုတ်လေးကောက်ထိုင်ပြီး ရိပေါ် ရင်ခွင်ထဲတိုးဝင်ကာ မျက်လုံးလေးမှေးပြီး ဆက်အိပ်နေပြန်သည်။
ချွဲတဲ့နေရာမှာ နှစ်ယောက်မရှိသောရှောင်ကျန့်ကို ရိပေါ် အံ့သြမိသည်။

' ကဲ ကောရယ် ထပါ မထရင် ကျွန်တော် ရေချိုးခန်းထဲ ပွေ့ချီပြီး ခေါ်သွားမှာနော် '

' ခေါ်ရဲရင် ခေါ်ပေါ့ '

စကားပြောရင်းရိပေါ်ရင်ခွင်ထဲတွင်ဆက်လက်အိပ်နေပြန်သည်။

သူ့ရင်ခွင်ထဲတွင်ကလေးလေးတယောက်လိုအိပ်ပျော်နေသောရှောင်ကျန့်နှုတ်ခမ်းလေးအားထိရုံလေး တချက်နမ်းလိုက်သည်။

ထိုအခါမှ ဓာတ်လိုက်သလို တကိုယ်လုံး တုန်သွားပြီး ရင်ခွင်ထဲမှ လျင်မြန်စွာ ထွက်ကာ ရိပေါ်ကို ပြူးကြောင်ကြောင်လေး ကြည့်နေလေသည်။

ရိပေါ်ကတော့ အောင်နိုင်သူအပြုံးကြီးဖြင့် ရှောင်ကျန့်အား စူးစူးရှရှ ကြည့်ပြီးရင်းကြည့်နေတော့သည်။ရှောင်ကျန့်မှာတော့ ရှက်လွန်းလို့ရေချိုးခန်းဘက်သို့ မြန်မြန် ပြေးရန် ခြေလှမ်းတွေပြင်နေတော့သည်။

' ကော ကျွန်တော် ရေချိုးပေးရမလားပြော '

' ဟွန်း တော်ပါ '

အခန်းထဲမှအတင်း ထွက်ပြေးပြီး ရေချိုးခန်းဘက်သို့ ပြေးထွက်သွားလေသည်။

ရေချိုးခန်းရှေ့ကို ရိပေါ် ဖြတ်လျောက်လေတော့ ရေချိုးရင်း သီချင်းဆိုနေသော ကောအသံလေးက အပြင်ဘက်သို့ တရေးရေး ပျံ့လွှင့်လာသည်။

ချိုမြမြအသံလေးကြောင့် ရိပေါ် ရင်ထဲ ကြည်နူးစိတ်တို့ပြည့်နှက်သွားသည်။ အထဲကသူ့ချစ်သူကိုစနောက်ချင်စိတ်ဟာလည်း ရာနှုန်းပြည့်ပင်မို့ ရေချိုးခန်း အပေါ်မှ လွတ်နေသော အပေါက်ဆီသို့ တစ်ရှူးဘူးထဲမှ
တစ်ရှူးစကိုလုံးပြီး ပစ်ထည့်လိုက်တော့သည်။

ဆူးWhere stories live. Discover now