ဆူး - Part 27

4K 395 29
                                    

( ZawGyi )

နံနက် နေရောင်ခြည်ရဲ့ အလင်းရောင်မဖြာတဖြာအချိန်တွင် ထမြည်လာသော alarm သံကြောင့် ရှောင်ကျန့်နဲ့ ရိပေါ် နှစ်ဦးစလုံး ငေါက်ကနဲပြိုင်တူထထိုင်လိုက်မိကြသည်။

' ကော ဆက်အိပ်နေလေ။ ကျွန်တော်က အလုပ်သွားရမှာမို့လို့ ထတာကြီးကို '

' ရပါတယ်။ ရိပေါ်ရုံးသွားဖို့အတွက် ကော ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရအုန်းမယ်လေ '

မျက်လုံးလေးကိုထောင့်ကပ်ရင်း ရိပေါ် စဉ်းစားသယောင်ဖြင့် မေးလိုက်သည်။

' ဘာတွေလဲ ကောရဲ့ '

' ဪ ထမင်းချိုင့်ပြင်ပေးရမယ်မလား ရိပေါ်ရဲ့ '

' ဘယ်လို ဘယ်လို ဒါကောလုပ်ရမယ့်အလုပ်မဟုတ်ဘူးလေ။ အိမ်မှာ ခိုင်းစရာ လူတွေမှ တစ်ပုံကြီး။ ဒီလို အောက်ခြေသိမ်းတွေကအစ ကော လုပ်စရာ ဘာအကြောင်းမှမရှိဘူးနော်။ ကော ကကျွန်တော့်အတွက် ထိုင်ကြည့်နေဖို့သက်သက်ပဲ။ ကော မျက်နှာလေးညှိုးနွမ်းသွားမှာ ကို ကျွန်တော်သေမှာထက်ကြောက်တယ်။ကော ပင်ပန်းတာ ကျွန်တော်မမြင်ချင်ဘူးလို့ ပြောထားတယ်မလား '

' ရိပေါ်ရယ်။ ကောလည်း ပျင်းလို့ပါ။ ပြီးတော့ ရိပေါ်ရဲ့ အိမ်သားတွေကိုလည်း ကော လက်ရာကိုစားကြည့်စေချင်လို့လေ '

' ကော အမှန်အတိုင်းပြော မနေ့က ကျွန်တော့်မား ကော ကိုဒါတွေလုပ်ဖို့ပြောလိုက်တာလား '

ရှောင်ကျန့်ရဲ့ ပုခုံးနှစ်ဖက်ကို ဆွဲကိုင်ရင်း အကြည့်ချင်းဆုံကာ မေးလိုက်သည်။

' မဟုတ်ပါဘူး ရိပေါ်ရဲ့။ ကောရဲ့ သဘောပါ။ ကောလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ '

ရိပေါ်မျက်လုံးကိုသေချာမကြည့်ဘဲ သူတို့နှစ်ယောက်ခြုံထားသော စောင်ကိုသာ လေးထောင့်ကျကျလေးဖြစ်အောင် ခေါက်ရင်း မုသားစကားဆိုလိုက်သည်။

' ပြီးရော ပြီးရောနော်။ ကျွန်တော် မရှိတုန်း အလုပ်တွေကြီးပဲလဲ လုပ်မနေနဲ့ ။ ဖုန်းလဲဆက်အုန်း '

' ကဲ ရေသွားချိုးပါတော့ ။ ကောကိုစိတ်ချပါဆို '

ရိပေါ်ကိုကြည့်ရင်း အဖြူစင်ဆုံးကလေးလေးတယောက်လို သူပြုံးပြလိုက်သည်။ ဒီအပြုံးမျိုးဟာ ရိပေါ် ရှေ့ရောက်မှ ဖြစ်ပေါ်လာတတ်သလို ရိပေါ်တစ်ဦးတည်းအတွက်သာ ရက်ရက်ရောရောပေးတတ်သော အဖြူရောင်အပြုံးလေးပင်။

ဆူးWhere stories live. Discover now