ဆူး - Part 13 The 2nd date

6K 562 33
                                    

[ Zawgyi ]

ရိပေါ်နောက်သူ့မာမား က လူလွှတ်ပြီး ကြည့်ခိုင်း
လိုက်တာကိုတော့ ရိပေါ်လုံးဝမရိပ်မိပါ။

ခြံစောင့်ဦးလေးကြီးနဲ့လွှတ်လိုက်ရင်တောင် ဟိုက
လူကြီးဆိုတော့ မျက်စိကမှုန် နားကထိုင်းနဲ့ ဆိုတော့ သေချာလိုက်မကြည့်နိုင်မှာစိုးတာကြောင့် သူတို့အိမ်မှာ ခြံသန့်ရှင်းရေးလုပ်တဲ့ အသက်၃၀ဝန်းကျင်အရွယ်
အမျိုးသားတယောက်ကိုသာ စေလွှတ်လိုက်သည်။

ထိုအမျိုးသားက ရိပေါ်ဘယ်သွားလဲ ဘယ်သူနဲ့တွေ့လဲ ဆိုတာ သေချာကြည့်ပြီးရိပေါ်မပြန်ခင် အိမ်ကိုအရင်ပြန်နှင့်ပြီး ရိပေါ်ရဲ့ မာမားအား အကြောင်းစုံပြန်လည် ပြောကြားသည်။

' မမလေး ရိပေါ် က မဟုတ်တာလုပ်နေတာတော့
မဟုတ်ဘူးထင်တယ် ခင်ဗျ'

ဧည့်ခန်းက sofa ပေါ်မှာ ပန်းအိုး အလှဆင်ရင်းထိုင်နေသော ဝမ်ရိပေါ်ရဲ့ မာမားသည် ထိုစကားကြောင့်
အနည်းငယ်တော့ စိတ်အေးသွားသည်။

' နင်သူ့ကိုဘယ်မှာ ဘယ်သူနဲ့တွေ့ခဲ့လဲ ငါ့ကိုမြန်
မြန်ပြောစမ်းပါ'

' ဟုတ်ကဲ့။ ကျွန်တော် သူ့ကို စွတ်ချန်လမ်းမပေါ် က
နှစ်ထပ်အိမ်ပေါ်တက်သွားတာတွေ့လိုက်ပါတယ်။ ကျွန်တော်လိုက်ကြည့်တော့ အထဲမှာ သူ့အရွယ်နီးနီး ကောင်လေးတယောက်ပဲ တွေ့တယ်။

အိမ်ထဲက မှောင်နေတော့ သေချာတော့ မမြင်ရဘူး။ ပြီးတော့ သူတို့က အပေါ် ထပ် ဝရန်တာ မှာ
ရီရီမောမောစကားတွေပြောနေလိုက်တာဆိုတာ များ မမလေးရယ် ရိပေါ် ကလုံးဝ လူစားထိုးခံလိုက်ရသလိုပါပဲ။ '

ရိပေါ် မာမား မှာ ထိုစကားကြားတော့ ပန်းအိုးထိုးနေ
ရင်းမှရပ်လိုက်ပြီး

' ဟဲ့ ငါ့သားလေး ရိပေါ် ဆိုတာ သေချာရဲ့လား '

' သေချာပါတယ် မမလေးရယ် ကျွန်တော်သေချာမြင်ခဲ့တာပါ။ အိမ်မှာ နေနေကျ ရိပေါ်ပုံစံတော့ လုံးဝ
မဟုတ်လို့ ကျွန်တော်တောင် မယုံဘူးဗျာ။တကယ်ကို ဟိုကောင်လေးရဲ့မျက်နှာကိုကြည့်လိုက် စကားတွေ
ပြောလိုက် ရီလိုက်နဲ့ ။ မသိရင် သမီးရည်းစားတွေလိုပဲဗျ'

ဆူးDove le storie prendono vita. Scoprilo ora