FA:B [ 01 ]

24.1K 1.2K 95
                                    

ကုန်းဆင်း​လမ်း​လေး​မို့ ခြေနင်းခုံ​ပေါ် တင်​ထား​သော 
ခြေ​ထောက်တစ်​စုံအား  လှုပ်​ရှားမှု မပြုလုပ်​ခိုင်းကာ
မျက်နှာပြင်​ထက်​သို့လာ​ရောက်​တိုက်​စား​သော​ ​လေပြည်
လေညင်းတို့ကိုသာ မျက်​လုံး​ကိုအသာ​လေး ​မှေးရုံမျှ
မှေးထားရင်း ခံယူလျက်​ မို့​မောက်​​နေ​သောကုန်းဆင်း
လမ်း​လေးမှ စက်ဘီးဖြင့်​ဖြေးညင်းစွာ​​​ဆင်းသက်​လာ
သော ၁၃နှစ်​သားပတ်ချန်း​​ယောလ် ​။

နက်​​မှောင်​​သော ဆံပင်​​လေးတို့နှင့်​ လိုက်​ဖက်​ညီစွာ​ ချော
မောလွန်းလှ​သောပုံပန်းအသွင်​ပြင်​ရှိသည့်​အတွက်​လမ်းမ
ထက်​၌ဝယ်​ သူနှင့်​ရွယ်​တူမိန်း​က​လေးတို့၏​မျက်​ဝန်းတစ်​စုံ
တို့အားမသိမသာခိုးယူသိမ်းပိုက်​ထားသည်​မှာ လူကြီးတို့၏
စကားဖြင့်​​ပြောရမယ်​ဆိုရင်​​တော့စော်​ကြည့်​ဘဲတစ်​​ယောက်
ပင်​ ​ဖြစ်​၍​နေ ။

ထို့အပြင်​ စာကလည်းတော် ၊ သ​ဘောကလည်း​ကောင်း ၊
ယဉ်​ကျေးတဲ့အပြင်​လူကြီးသူမတို့ကိုလည်းသိတတ်​သည့်
လိမ္မာ​ပြီးရည်မွန်​​​သော က​လေးတစ်​​ယောက်​လည်းဖြစ်​ပေ
သ​ည်​ ။

တစ်​ခုပဲ ။ သူ့မှာ ချွင်းချက်​ဆိုလို့ ​အေးစက်​စက်​​နေတတ်​သည့်
သူ့ရဲ့​​မွေးရာပါ ပင်​ကိုယ်​အကျင့်​စရိုက်​ တစ်​ခုသာ ။

ထိုအကျင့်​စရိုက်​တစ်​ခု​ကြောင့်​ပဲ ​သူ့ကို​ သူနှင့်​ရွယ်တူ
ေ​ယာက်ျား​​​​လေးများမှာ အ​တော်​ပင် ရှိန်​ကြပြီး ။ ရွယ်တူ
မိန်းက​လေးများမှာ​တော့ စိတ်ထဲမှ​ကြိတ်​​၍ပင်​တဖြုတ်
ဖြုတ်​​နှင့်​ကို ကြွေ​ဆင်း​ကြကုန်​​​လေသည်​ ။

ထို့သို့ အ​နေ​အေးလွန်းသည့်​ ​ရေခဲမင်းသားဟု နာမည်
ပြောင်​​ပေးခြင်းခံ​ထား​ရသော ချန်းေ​​ယာလ်ေ​​လးသည်​ 
ကျောင်း၌ သူ့ကိုအတန်းသားများအသီးသီးက လာ၍
ခင်​မင်​ကြ​သော်​လည်း သူအမှန်​တကယ်​ပင်ခင်​တွယ်
မိသည့်​ လူတစ်​​ယောက်​က​တော့ သူ့အိမ်ရဲ့ ​မျက်​နှာ
ချင်းဆိုင်အိမ်​တွင်​​နေ​​သော ​ဂျန်​ဒါ​ယောင်းဆို​သော သူ
နှင့်​ရွယ်​တူဖြစ်​​တဲ့ ​က​လေးမ​လေးတစ်​​ယောက်ပ​င်​ဖြစ်
သည်​ ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now