FA:B [ 37 ]

6.5K 949 61
                                    

" ဒါက မဖြစ်နိုင်တာ ဘာလို့ကျွန်တော်တို့သားဖက
အစ်ကိုချန်းယောလ်နဲ့အတူ အခန်းတစ်ခန်းထဲသွား
ကျရတာလဲ ! မတရားဘူး ဒါကလုံးဝမရိုးသားဘူး "

ညစာစားလို့အပြီး အပျင်းပြေဂိမ်းတစ်ခုခုဆော့လို့အပြီး
တွင် ကိုယ်စီအသီးသီးအိပ်ရာဝင်ရန်အတွက်ငါးခန်းသာ
ရှိသည့် အိပ်ခန်းတို့ကိုခွဲရန် ထုံးစံအတိုင်း Ladder
Game ကစားပြီးသာဖြေရှင်းမှုပြုလုပ်ကြလေသည် ။

အစကတော့ အပြုံးတွေနဲ့ Ladder Gameကိုပျော်
ပျော်ကြီး ဆော့ကစားနေသော ဘတ်ခ်ဟွန်းမှာ
နောက်ဆုံးသူယူထားသော နံပါတ်စဉ်ကျရာနေရာဖြစ်
သော ချန်းယောလ်အရင်ကျထားတဲ့အခန်းနံပါတ်သုံး
ကို ကျသည်ကိုတွေ့လိုက်ရသည်နှင့် နဂါးမျက်စောင်း
လေးတွေဖြင့် ဒေါသူပုန်ထကာ စတင်၍ သောင်းကျန်း
လေပြီ ။

ဘေးကသားမှာတော့ ချန်းယောလ်နှင့် တစ်ခန်းတည်း
အတူတူနေရမှာကိုမကျေမချမ်းဖြစ်နေတဲ့ဘတ်ခ်ဟွန်း
ရဲ့ဒေါသထွက်နေသောမျက်နှာကိုမမြင် ။ မျက်နှာချင်း
ဆိုင်က နံရံကိုကျောမှီကာ လက်တစ်စုံကိုပိုက်ထားတဲ့
ချန်းယောလ်ကိုသာချစ်စရာကောင်းသောအရယ်အပြုံး
မျက်နှာလေးနှင့်ကြည့်ပြီး ချန်းယောလ်နှင့် အတူနေရ
မှာကိုသဘောကျကာလက်ခုပ်လေးတွေတီးလို့နေသည် ။

" မရဘူး မသိဘူး ရှင်း မင်းငါ့ကိုမင်းအခန်းနဲ့လဲပေး "

" အို့  အိုး မရဘူးနော်ချာတိတ် အဲ့လိုအခန်းလဲခြင်း
သည်းခံပါ ကစားပွဲရဲ့ရလဒ်အတိုင်းလက်ခံရမယ်လို့
အရင်ဆုံးစပြောပြီး သဘောတူခဲ့တာဘယ်သူလဲ ? "

" ............... "

" အခုမှအခန်းလဲချင်တိုင်းလဲလို့ရတိုင်းဆို ကိုယ်လည်း
အစ်ကိုဂျောင်ဆူးနဲ့ အခန်းချင်းလဲပြီး ဟန်နဲ့ပဲအိပ်မှာပေါ့ "

ကြားထဲမှဝင်ပြောလာသော လုဟန်နှင့် တစ်ခန်းထဲ
အတူမကျလို့တင်းနေတဲ့ ဆယ်ဟွန်း စကားကြောင့်
ဘတ်ခ်ဟွန်းနှုတ်ခမ်းတစ်စုံကို ရုတ်ချည်း ဆူထော်
လိုက်လျက် ...

" ရှင်း သွား ငါ့ကိုညတွင်းချင်းနောက်ထပ်တိုက်တစ်လုံး
ထပ်သွားငှါးပေး "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now