FA:B [ 36 ]

6.5K 887 103
                                    

" ဒီတစ်ခေါက်မင်းဘက်ကလွန်တယ်လို့မထင်ဘူးလား
ဘတ်ခ် .. သူ့ကိုမုန်းတယ်ဆိုရင်တောင်အခုလိုမင်းမလိမ်
သင့်ဘူး တကယ်ဆို မင်းကိုယ်တိုင်ကလည်း သူမင်းကို
လိမ်ခဲ့လို့ဆိုတဲ့ခေါင်းစဉ်နဲ့ပဲသူ့ကိုအခုလိုမျိုးမုန်းနေခဲ့တာ
မဟုတ်လား သူများကကိုယ့်ကိုလိမ်တာမကြိုက်ရင်ကိုယ်
ကိုယ်တိုင်ကလည်းသူများကိုမလိမ်သင့်ဘူးဘတ်ခ်နောက်
ပြီး မင်းသူ့ကိုခွင့်လွှတ်ပေးသင့်ပြီလို့ငါထင်တယ် "

လေသံအေးအေးလူလူဖြင့်ပြောနေသော ရီရှင်းစကားတို့
အား ကုတင်ထပ်တွင် ခြေကားယားလက်ကားယားလေး
နှင့် အိပ်ပျော်နေသောအပြစ်ကင်းစင်တဲ့ သားရဲ့ မျက်နှာ
လေးကို ဘတ်ခ်ဟွန်းနှုတ်ဆိတ်လျက်တစိမ့်စိမ့်ရပ်ကြည့်
ရင်းနားစိုက်မိသည် ။

" ငါအခုလိုပြောနေတာတွေကလည်း မင်း သူ့ကြောင့်
နာကျင်ခဲ့ရတာတွေကိုမသိလို့ကိုယ်ချင်းမစာလို့ပြောနေ
တာ မဟုတ်ဘူးနော် ဟူးဟူးလေးကြောင့် ဟူးဟူးလေး
မျက်နှာကြောင့် မသက်သာလို့ မင်းကို နာကျင်စေခဲ့တဲ့
သူ့ကို ငါခွင့်လွှတ်ခိုင်းရတာ "

" ငါနေသားကျနေပြီ ရှင်း ငါသားနဲ့နှစ်ယောက်တည်း
နေသားကျနေတာကြာခဲ့ပြီမို့ ငါသူ့ကိုမလိုအပ်ဘူး "

" မင်းမလိုအပ်ပေမယ့် ဟူးဟူးလေးအတွက်လိုအပ်
တယ်လေဘာပဲပြောပြောသူကဟူးဟူးလေးရဲ့အဖေ
အရင်းပဲလေ မင်းအတ္တတွေကြောင့် ဟူးဟူးလေးကို
မိသားစုအစုံအလင်မရှိတဲ့ဘဝမျိုးနဲ့တစ်သက်လုံးနေ
သွားခိုင်းမယ်ပေါ့ ! ဒါဆို မင်းလုံးဝမတရားဘူး ဘတ်ခ် "

" ................... "

" မင်းတုန်းကကျတော့မိဘအစုံအလင်နဲ့နေခဲ့ပြီး
ဘာလို့ဟူးဟူးလေးကိုမှ မင်းငယ်ငယ်ကမခံစားဖူး
တဲ့ ခံစားချက်မျိုးကို ပေးခံစားစေချင်ရတာလဲ ! "

" ................ "

" ငါ မင်းဘက်မှာ အမြဲတမ်း ရှိနေပေးမယ်လို့ မင်းကို
ငါကတိပေးထားခဲ့တယ် ဒါပေမဲ့ ဒီတစ်ခေါက်တော့ ငါ
မင်းဘက်မှာမနေပေးချင်ဘူး ဘတ်ခ် .. ဟူးဟူးလေးကို
မိသားစုအစုံအလင်မရှိတဲ့ ဘဝမျိုးနဲ့ တစ်သက်လုံးနေ
သွားရမယ့်အဖြစ်မျိုးကို ငါဘယ်လိုမှလက်သင့်မခံနိုင်
ဘူး  "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now