FA:B [ 21 ]

6.3K 985 132
                                    

အချိန်​ ၊ ကာလများစွာ​ ကျောခိုင်းခဲ့တဲ့ နုငယ်​​သော
နှလုံးသား​လေး တစ်​စုံ ။ အသိစိတ်က ​​လက်​မခံနိုင်
သော မသိစိတ်​ထဲ ​ဝေဝါး​နေ​သော အမြု​တေ​သော
ချစ်​ခြင်း ။ နာကျင်​မှု အနားကွက်​​လေးဖြင့်​ ​တဖန်
တန်​ပြန်​သက်​​ရောက်​လို့လာခဲ့ ။

ချန်း​ယောလ် အခန်း​ဘေးတွင်​ရှိ​သော ဂျုံအင်​အခန်း
တံခါး​လေးကို​ကျောမှီလျက်​ချန်း​ယောလ်အခန်းထဲတွင်
ဖြစ်​ပျက်​​နေ​သော ပြ​ဿနာအလုံးစုံတို့ကို ဒါ​ယောင်း
အသံတိတ်​ကာ နား​ထောင်​​နေမိ​သည်​ ။

ချန်း​ယောလ်အခန်းထဲမှငိုပြီး​ပြောထွက်​သွား​သော
ဘတ်​ခ်ဟွန်းကို​တွေ့​သော်​လည်း ယခုချိန်မှာ သူမ
ဘတ်​ခ်​ဟွန်းအ​နောက်​ကို​ပြေးလိုက်​သွားခြင်းသည်
ဘတ်​ခ်​ဟွန်းအတွက်​အလုပ်​ဖြစ်​မှာမဟုတ်​တာ​ကြောင့်​ ။

ဘတ်​ခ်​ဟွန်းတစ်​​ယောက်​တည်းသာ စိတ်​​အေး​အေး
ထားပြီး ​နေ​စေချင်​တဲ့အတွက်​ ဘတ်​ခ်​ဟွန်းရဲ့​ကျော
ပြင်​​ငယ်​​လေးကိုသာ ​ငေးကြည့်​ရင်း သူမ​​​ သက်​ပြင်း
တစ်​ချက်​ချလိုက်​မိသည်​ ။

ထို့​နောက် ​စုံရပ်​တန့်​ထား​သော သူမ​​ခြေအစုံအား
ချန်း​ယောလ်​အခန်းထဲသို့ဦးတည်​၍ဝင်​သွားတော့
ပိတ်​အဖြူ​လေးတို့​ကြမ်း​ပြင်​တွင်​ပျံ့ကျဲကျ​နေ​သော
၈နှစ်​တာအတွင်း တစ်​ရက်​မှ ပျက်​ကွက်​ခြင်း မရှိ
ရထားခဲ့​သော စုပ်​လုံး​လေး​တွေထည့်​ထား​သော
ဖန်​ဗူး​အကြည်ေ​လး​တွေများစွာရှိသည့်​လျှိုဝှက်​ခန်း
လေး ။

တ​ဖန်​ထိုအခန်း၏ အလယ်​တည့်​တည့်​တွင်​ရှိ​သော
ဆေး​ရောင်​​တို့ ညီညီညာညာခြယ်​သပြီးဆွဲထား​သော
ကြက်​​တောင်​စည်းနှစ်​ခုဖြင့်​မျက်​လုံး​မှေး​မှေး​လေး​တွေ
စုံမှိတ်​သည်အထိပြုံးရယ်​​နေ​သော ပါး​မို့မို့​လေးနှစ်​ဖက်
နှင့်​ ဖြူစင်​​သောက​လေး​လေးတစ်​​ယောက်​ရဲ့ပုံတူပန်းချီ
ကား​လေး တစ်​ချပ်​ ။

၎င်းပုံတူပန်းချီကား​ကက​လေး​လေးရဲ့ပါးမို့မို့က​လေးကို
လက်​ညှိုး​က​လေးဖြင့်​ထိ​တွေ့ပြီး နှုတ်​ဆိတ်​ကာ​ခြေစုံရပ်
ကြည့်​နေ​သော သူငယ်​ချင်းဖြစ်​သူချန်း​ယောလ်​အနား
သို့ သူမ​လျှောက်​သွားခဲ့သည်​ ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now