FA:B [ 07 ]

5.8K 836 52
                                    

" တို . . တိုတို ချာနူးလ်​​ ! "

ထုံးစံအတိုင်း သရဲ​တွေ့လိုက်​ရသလို ၊ သူ့ကို​တွေ့လိုက်​ရလို့ 
ပါပီမျက်​လုံးဝိုင်းဝိုင်း​တွေနှင့်​တအံ့တသြဖြစ်​​နေ​သော မျက်​စိ
အရှေ့က ကြက်​​တောင်​စည်း​​လေးနှစ်​ခုနှင့် ​​ပေါက်​စအား
ချန်း​ယောလ်​​ စိတ်​ဆိုးမိသည်​ ။

အဘယ်​​ကြောင့်​ အနှီ​ပေါက်စကို သူ စိတ်ဆိုး​ရသလဲ
ဆိုသည့်​ အဓိက ဇစ်​မြစ်​အ​ကြောင်းအရင်းကိုလည်း
သူမသိသလို ။

သူတို့လမ်းနှင့်​ နှစ်​လမ်း​ကျော်​တွင်​ရှိ​သော Basket-
ball ကစားကွင်း၌ ​ကျောင်းပိတ်​ရက်​​အားလပ်အချိန်ရ
တုန်း​​​​ ​ဂျောင်​ဆူးနှင့်​အတူ သွားကစားပြီး အိမ်​သို့ပြန်​အလာ ။

ကြားလိုက်​ရ​သော သူတို့လမ်းထိပ်​ရှိ​ skate ​ကွင်း
ထဲမှထွက်ေ​​ပ်ါလာ​​သော ပေါက်​စ၏ ရယ်​သံအားနားမှ
ကြား​​ယောင်​​လိုက်​မိသည်​နှင့်​ အမိန့်​​ပေး​စေခိုင်းမှု မရှိ
skate ​ကွင်းဘက်​သို့သူ့အလိုလိုလှည့်​သွားခဲ့​သော
သူ့မျက်​လုံး​တွေ ။

ပေါက်​စကိုယ်​​ပေါ်တွင်​ရှိ​သော​ အနီ​ရောင်ေ​သွးစတို့စို့​နေ
သော ဒဏ်​ရာတို့ကို မြင်​ရ​လေ​လေ တရှူးရှူးနှင့်​​ပိုပိုတိုး
စပြုလာ​သော ​ဒေါသတို့ ။ နားလည်​နိုင်​ဖို့အတွက်​ရာ သူ
တစ်ေ​ယာက် ​ဘယ်​လိုမှမပြုလုပ်​နိုင်​ ။

" ဟူးဟူး​လေး .. ဟုတ်​တယ်​မလား ​​ယောလ်​ "

အ​ရှေ့တွင်​ ​တွေ့​နေရ​သော ကြက်​​တောင်​စည်း နှစ်​ခုနှင့်
ပေါက်​စကို​ဂျောင်​ဆူးကြည့်​ပြီးချန်း​ယောလ်ခပ်​တင်းတင်း
ဆုပ်​ကိုင်​ထားသည့်​ သူ့လက်​တစ်​ဖက်​ကို လှုပ်​ခါပြပြီး
အသည်းပုံနှုတ်​ခမ်း​လေး​နှင့်​ပြုံးလျက်​ ​​​မေး​လိုက်​သည်​ ။

" ​ယောင်း ငါ့ကိုအမြဲ​ပြော​ပြောပြ​နေတဲ့​ ​ယောလ်ရဲ့
အိမ်​​ဘေးအိမ်​ကိုအသစ်​ပြောင်းလာတဲ့​ကြွေရုပ်​​လေး
ဆိုတာ​လေ "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now