FA:B [ 43 ]

7.2K 831 39
                                    

" ပါးပါး ဟူးဟူးလေး ဒီမှာ .. ဒီမှာ .. ဒီမှာ "

ဆိုင်ထဲရောက်တာနဲ့ကြားလိုက်ရတဲ့ သားရဲ့ခေါ်သံ
သေးသေးလေးနဲ့အတူတွေ့လိုက်ရတဲ့ ကျွန်တော့်ကို
လက်ယက်ခေါ်နေတဲ့သားနဲ့ သားရဲ့ဘေးတွင် သား
စားဖို့အတွက် အသားကို သေချာကင်ပေးနေသော
ကိုကို ။

ဒီသားဖနှစ်ယောက်ကတော့ ကျွန်တော့်ဆီကပါမစ်
ရထားတာနဲ့ အမြဲလိုလိုတပူးပူးတတွဲတွဲရှိလို့နေတော့
တာပဲ ။

အချိန်ပြည့် အတူတူတွဲမြင်တွေ့ရလွန်းလို့ သားအနား
ကိုကပ်ချင်ပေမယ့်ကျောင်းတစ်ဖက်ကုမ္ပဏီတစ်ဖက်
နဲ့ အလုပ်တွေ ပတ်ရှုပ်ကာ လုံးဝမအားတဲ့ ကျွန်တော်
တောင် နေရင်းထိုင်ရင်းနဲ့ကိုမနာလိုထဖြစ်ရတဲ့အဖြစ် ။

" ပါးပါး အာာ "

သားနဲ့မျက်နှာချင်းဆိုင်ရှိခုံ၌ဝင်ထိုင်လိုက်သည်နှင့်
တူလေးနဲ့ ကျက်သွားတဲ့ အသားဖက်လေး ခွံ့ကျွေး
လာတဲ့ သား ။

ကျွန်တော်ရော ၊ ရှင်းရော ၊ ဂျွန်ရောပါသားကိုတူကိုင်
နည်းဝိုင်းသင်ပေးကြသော်လည်း သေချာမသင်ပဲဇွန်း
နဲ့ပဲစားမယ် ။ တူနဲ့မစားချင်ဘူး ။ တူမကိုင်ချင်ဘူးလို့
ဘူးပဲငြင်းနေတဲ့သားကြောင့် ကျွန်တော်တို့သုံးယောက်
လုံးခင်ဗျာဖြစ်ချင်တဲ့ဆန္ဒတွေကို တခဏခေါက်သိမ်း
ထားခဲ့ပြီး သားကိုတူကိုင်နည်း သင်ပေးလို့ ရလောက်
မယ့်အချိန်အခါထိစောင့်စားလို့လာခဲ့တာ အခုချိန်ထိ
ပဲဆိုပါတော့ ။

သို့သော်လည်းမနေ့ကအထိ တူကောင်းကောင်းမကိုင်
တတ်ခဲ့တဲ့သားက အခုတော့ တူကောင်းကောင်း ကိုင်
ပြပြီး အသားဖက်ကိုခွံ့ကျွေးလို့နေသည်မှာ ကိုကို့ရဲ့
အစွမ်းအစကြောင့်ပဲလို့ ပြောရမလား ။

" စားလို့ကောင်းလား ပါးပါး ဒယ်ဒီကင်ပေးထားတာ
အနေတော်ပဲ ဟုတ် "

ပါးစပ်ထဲကအသားဖက်လေးကိုသာ ကျွန်တော်ညက်
အောင်ဝါးရင်းသားကိုခေါင်းညိတ်ပြမိတယ် ။

" ပါးပါးရဲ့ သားကတူကိုင်တတ်နေပြီပေါ့လေ "

တူကိုင်ထားတဲ့ သားရဲ့လက်လေးကို လက်ညှိုးလေး
ထိုးပြကာကျွန်တော် မေးတော့ မျက်လုံးလေးတွေ စုံ
မှိတ်သွားသည်အထိပြုံးပြပြီး ခေါင်းညိတ်ပြတဲ့သား ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now