FA:B [ 14 ]

5.7K 859 43
                                    

" ဟူးဟူး​လေး "

" ကျွန်​​တော်​နိုး​နေပြီတီ​လေး .. ခဏ​နေ​အောက်​ကို
ဆင်း​လာခဲ့မယ်​ "

လည်​ကတိုင်​​လေးကိုလည်ပင်း၌ ​​အသေအချာစည်းရ​င်း
တစ်​ကိုယ်​လုံး​ပေါ်မှန်​ထဲတွင်​တွေ့မြင်​​နေရ​သောကိုယ့်​ရုပ်
အသွင်​ကိုပြန်​ကြည့်​ပြီးမျက်​လုံး​မှေး​မှေး​လေး​တွေ စုံမှိတ်
သွားသည်​အထိ ရယ်​လိုက်​​သော အထက်​တန်းပထမနှစ်
ကျောင်းသား​လေးြေ​ဗာင်​ဘတ်​ခ်​ဟွန်း ။

ငယ်​စဉ်​ကနှုတ်​ကျိုးခဲ့​သော ကိုယ့်​ကိုယ်​ကို ' ဟူးဟူး ,
ဟူးဟူး​လေး' လို့ သုံးတတ်​သည့်​နာမ်​စား​လေးအစား ။

' ကျွန်​​တော်​ ' ဆို​သောလူငယ်​ဆန်​ဆန်​ အ​ခေါ်​အ​ဝေါ်
နာမ်​​စား​လေး​ကို ပြောင်းသုံးတတ်​သွားတဲ့ ဘတ်​ခ်​ဟွန်း
ဟာ အသက်​၁၇နှစ်​ပြည့်​ပြီး မကြာ​ ။

ပြောင်းလဲသွားခဲ့​​သော အမူအကျင့်​တို့ ။ ​ခေါင်း​ပေါ်က
ကြက်​​တောင်​စည်း​​လေး နှစ်​ခု​လေးပါအစစ်​အ​နေနှင့်​ပါ
လို့သွားခဲ့​သည်​ ။

သို့​သော်​မ​ပြောင်းလဲဘဲကျန်​ရစ်​​နေခဲ့​သော အရာသည်
အမြဲတမ်းပြုံးတတ်​တဲ့ ဖြူစင်​လွန်းတဲ့ အပြုံး​လေး​တွေ
နှင့်​ ချန်း​ယောလ်​အ​ပေါ်သို့ မသိစိတ်​​​ရောအသိစိတ်​က
ပါပွင့်ပွင့်လင်းလင်းဖြစ်​​ပေါ်​နေ​သောထုထည်​သိပ်​သည်း
မှု ​ချေဖျက်မရ​သော အ​ရောင်စွန်းေ​​န​သော သံ​ယောဇဉ်
တို့သာ ။

ကျောင်း uniform ကိုအ​သေအချာဝတ်​ထား​သော
သူ့အတွက်​ ဒီ​နေ့သည်​ ​နေ့ထူး​နေ့မြတ်​​လေး တစ်​​နေ့ဟု
ဆိုလျှင်​မမှားနိုင်​ ။

အဘယ်​​ကြောင့်​ဆို​သော်​ ဒီ​နေ့သည်​ ​သူသိပ်​ချစ်​သည့်
ကိုကိုချန်း​ယောလ်​၏အထက်တန်းကျောင်းဆင်းဘွဲ့နှင်း
သဘင်​​ပေးပွဲဖြစ်​သည့်​အပြင်​ ။ သူအထက်​တန်းပထမ
နှစ်​ကိုစတက်​ရမယ့်​​ ​ပထမဆုံးနေ့လည်း ဖြစ်​သည်​ ။

" ဆံပင်​ပုံစံအသစ်​​က​လေးနှင့်​ တီ​လေးရဲ့ဟူးဟူး​လေး
က ​ချောလို့ပါလား .. ဒီအတိုင်းဆို ကြည့်​ရတာ ဒီနှစ်
အထက်​တန်းပထမနှစ်​မှာ တီ​လေးရဲ့ဟူးဟူး​လေးက
King ဖြစ်​​တော့မယ်​ထင်​တယ်​ "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now