FA:B [ 39 ]

6.4K 960 29
                                    

မချစ်မိအောင်ပြန်ရုတ်သိမ်းထားတဲ့ နှလုံးသားကမ်းပါး
မပြိုပြိုအောင် တိုက်စားလာတဲ့ ကြီးမားပြင်းထန်လွန်း
တဲ့ အချစ်တွေ ။ နစ်မြှုပ် ပျော်ဝင်ချင်မိသော်လည်း မ
ယုံရဲ ။

" ပါးပါး ပါးပါး "

" ဗျာ ဗျ "

ထုံးစံအတိုင်းကုတင်ပေါ်တွင်ဝမ်းလျားမှောက်ကာ
ကုမ္ပဏီအလုပ်နဲ့ ကျောင်းစာတွေကို တစ်ပြိုင်နက်
တည်း လုပ်နေသော ဘတ်ခ်ဟွန်း ကျောပေါ်တွင်
ပက်လက်လန်ကာ စာဖတ်နေသော ဟူးဟူးလေး ။

သူ့အတွက် သီးသန့်အခန်းတစ်ခန်းလုပ်ထားပေး
ပါရဲ့ ။ သီးသန့်အခန်းတွင်မနေလိုပဲ ။ ဘတ်ခ်ဟွန်း
အခန်း၌သာ သောင်တင်လို့နေပြီး ညတိုင်း ပါးပါး
ဘတ်ခ်ဟွန်းကိုပဲ ခွဖက်အိပ်ရမှ အိပ်ပျော်တတ်တဲ့
ကလေးဆိုးလေး ။

" ပါးပါး သိလား  ဖေဖေလေးကလေ ဟူးဟူးလေး
ကို ကျောင်းလိုက်ပို့တယ် ကျောင်းလိုက်ပို့တယ်လို့
နာမည်တပ်ပြီး ဟူးဟူးလေးတို့ ကျောင်းက ဆရာ
ယုန်လေးကိုလာလာဘူးထနေတယ် ပါးပါး "

ညနေတိုင်း ကျောင်းကပြန်တိုင်း ရေခဲမုန့်အမြဲဝယ်
ကျွေးရမယ်ဆိုသော ဝတ္တရားကို ဒီနေ့မှတိုက်တိုက်
ဆိုင်ဆိုင်ရီရှင်းတစ်ယောက်အလုပ်တွေရှုပ်ရင်း သ
တိမေ့ကာပထမဆုံးပျက်ကွက်စဖူး ပျက်ကွက်သွား
သည့်အတွက်ယခုကဲ့သို့ဘတ်ခ်ဟွန်းကိုဟူးဟူးလေး
အတို့အထောင်လုပ်နေရခြင်းပင်ဖြစ်သည် ။

သိဖို့ ။ ဗြောင်ဘတ်ခ်ဟွန်းရဲ့ ဗြောင်ဘတ်ခ်ဂဟူး
(ခေါ်)ဟူးဟူးလေးသည် အချဉ်မဟုတ်ပါ ။

ပါးပါးဖြစ်သူ ဘတ်ခ်ဟွန်းတို့ငယ်ငယ်တုန်းကလည်
ခဲ့တာကိုသနားတယ်လို့ပြန်ပြောရအောင်ဘတ်ခ်ဟွန်း
ထက်နှစ်ဆပိုလည်သောလူတတ်ပါ့လေးဖြစ်သည် ။

" ဟုတ်လား? "

" ဟုတ်တယ် ပါးပါး .. နေ့တိုင်းကျောင်းလွှတ်အချိန်
ထက် နာရီဝက်စောလာပြီး ဟူးဟူးလေးရဲ့ ချစ်စရာ
ကောင်းတဲ့ဆရာယုန်လေးကို လာလာချောင်းနေတာ
တစ်ခါတလေပါးစပ်က သရေတွေပါ ထွက်ကျလာ
တတ်တယ် သိလားပါးပါး ... ပါးပါး ဖေဖေလေးကို
ကြည့်ပြီး ဆူဦး .. တော်ကြာ ဟူးဟူးလေးက ဖေဖေ
လေး  နှာခေါင်းမီးတောက်မှုနဲ့ ဆရာယုန်လေးရဲ့အ
မြင်ကပ်တာကိုခံရရင်ဘိုလုပ်မလဲ ပါးပါး ဆူဦး "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now