FA:B [ 44 ] ( Final )

7.1K 692 69
                                    

" ကျစ် .. ဘတ်ခ်ဟွန်း ဘတ်ခ်ဟွန်း မင်းဟာလေ
နည်းနည်းလေးမှကိုအသည်းမမာတတ်တဲ့ကောင်
ပဲ အမှတ်ကိုမရှိဘူး "

ယွန်းအင်ကုမ္ပဏီပရဝဏ်ထဲရောက်သည်နှင့် နားထင်
လေးကိုလက်သီးဆုပ်လေးနဲ့ထိပြီး လက်ထဲကထမင်း
ဘူးလေးကိုငုံ့ကြည့်ရင်းဘတ်ခ်ဟွန်းသူတစ်ယောက်
တည်းစကားတွေ ပြောနေမိသည် ။

ကျောင်းပိတ်ရက်လည်းဖြစ် အလုပ်ပိတ်ရက်လည်း
ဖြစ်ပြီး စာမေးပွဲကလည်း ပူပူနွေးနွေးလေး ပြီးထား
တာ နှစ်ရက်ပဲရှိသေးသည် ။

သားကလည်း ရီရှင်းယုန်ထောင်ဖမ်းမယ့်အကြံစည်နဲ့
ရီရှင်းအနောက်ပါသွားတာကြောင့်အိမ်မှာပဲအေးအေး
ဆေးဆေးလေး နားပြီး နှပ်နေမလားအောင်းမေ့ပါရဲ့ ။

အလုပ်ပိတ်ချိန်တောင်မနားပဲ ကုမ္ပဏီကိုသွားတဲ့ကိုကို့
ကြောင့် ဘယ်လောက်ပဲဂရုမစိုက်ဘူးလို့တွေးတွေး ။

လက်ရှိမှာတော့ သူတစ်ယောက် နေ့လည်စာထမင်းဘူး
လေးနဲ့ ကုမ္ပဏီကို ရောက်နေပြီလေ ။

တစ်ခြားသူတွေအကြောင်းတော့ ဘတ်ခ်ဟွန်းသိပ်မသိ
ပေမယ့် ။ ငယ်ငယ်ကတည်းက တိတ်တခိုးချစ်လာရတဲ့
ကိုကို့ရဲ့ အစာအိမ်သည်ဒီကမ္ဘာပေါ်မှာ အတိအကျဆုံး
အစာအိမ်တစ်ခုဖြစ်တာတော့ သူကောင်းကောင်းကြီး
သိသည် ။

ဘယ်အချိန် ဘယ်နေရာမှာမဆို အလုပ်ဘယ်လောက်ပဲ
များများ နေ့လည်စာကို (၁၂)နာရီတိတိမှာ စားတတ်တဲ့
ကိုကို့ကြောင့် သူ့ခင်ဗျာ သူ့ကားကို ခဏယူသွားတဲ့ ဂျွန်
ပြန်လာမယ့်အချိန်ကိုတောင်ထိုင်မစောင့်နိုင်တော့ပဲBus
နဲ့သာ ကုမ္ပဏီကိုအပြေးထွက်လာခဲ့ရသည် ။

" ဟင် ! ဘယ်သူမှလည်းမရှိဘူး "

ယဉ်ကျေးမှုအရရုံးခန်းတံခါးကိုအပြင်ဘက်ကနေနှစ်
ချက်ခေါက်ပြီး ရုံးခန်းတံခါးလေးကိုအသာလေးတွန်း
ဖွင့်ပြီး ဘတ်ခ်ဟွန်း ဝင်လာခဲ့ရာသူတွေ့ချင်တဲ့ ကိုကို့
ကို ရုံးခန်းထဲမှာ မတွေ့ရတာကြောင့်ထုံးစံအတိုင်း ဘဲ
နှုတ်သီးလေးမှာ အရှေ့ကိုဆူထော်စပြုလာရသည် ။

သူပင်ပင်ပန်းပန်းချက်လာတဲ့ နေ့လည်စာလေး အလ
ဟာသမဖြစ်စေဖို့ အရေးခေါ်ချင်စိတ်မရှိပဲလက်ထဲက
ဖုန်းထဲက နံပါတ်တစ်လေးကို လက်မလေးနဲ့ ခပ်ကြာ
ကြာဖိနိပ်လိုက်တော့ ပေါ်လာသော ဖုန်းပြင်ပေါ်က '
ကိုကို 'ဆိုတဲ့ နာမ်စားလေး ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now