FA:B [ 35 ]

7.8K 959 133
                                    

မနက်အစောကြီးချန်းယောလ် တီလေးနာရာ၏အိမ်သို့
ထွက်လာခဲ့ပြီး မနက်၇နာရီကျော်တာတောင် မနိုးသေး
သော အရက်မူးသမားလေး အိပ်ရာနိုးလာလျှင် အဆင်
သင့်သောက်နိုင်ရန် အရက်နာကျရင် သောက်ဖို့အသင့်
တော်ဆုံးဖြစ်သောပဲပင်ပေါက်ဟင်းချိုကိုကိုယ်တိုင်ကျို
ချက်ပြီးလက်စနှင့်အိမ်သားတွေအားလုံးအတွက်မနက်
စာကိုပါတစ်ခါတည်းအပြင်ပေးမိသည် ။

ဒေါ်လေးဂျီမှ မနက်စာကိုသူမပဲချက်ပါ့မယ်လို့ ပြောလာ
သော်လည်း လက်သင့်မခံ ။ ဒေါ်လေးဂျီအား သည်တစ်
နေ့မနက်စာကို မချက်ပေးဖို့မှာပြီး ဘတ်ခ်ဟွန်း မနိုးလာ
ခင်အချိန် မနက်စာအပြီးကျက်အောင် မြန်မြန်ဆန်ဆန်
ချက်ပြုတ်နေလေသည် ။

" ဦးဦးချာနူးလ် ဦးဦးချာနူးလ် အသားပြား အသားပြား "

မနက်စာချက်နေသော သူ့အင်္ကျီစအောက်အနားစ
လေးကို ဖွဖွလေးဆွဲပြီးပါးစပ်လေးဟပြလာသော
သားကြောင့်ချန်းယောလ်ပြုံးရယ်ရင်းပန်းကန်ပြား
ထဲမှ ကျက်ပြီဖြစ်သောအသားပြားနွေးနွေးလေးကို
တူလေးဖြင့်ညှပ်ယူပြီး အေးအောင် မှုတ်ပေးပြီးဟ
ထားပေးသော သားရဲ့ပါးစပ်ထဲသို့ခွံ့ပေးလိုက်သည် ။

" ကောင်းလား "

ပါးစပ်ထဲကအသားပြားလေးကိုညက်ညက်ကြေအောင်
ဝါးရင်းလက်ကလေးနှစ်ဖက်ကလက်မလေးတွေကိုပြန်
ထောင်ပြပြီး ခေါင်းလေးကို တဆက်ဆက်ညိတ်ပြနေ
သောသားဟာဆိုရင်ဖြင့် သူချစ်ရတဲ့ဟွန်းငယ်ရဲ့သားလို့
မပြောရဘူး ။ လုပ်ပြနေတဲ့ပုံစံလေးကိုက ဘတ်ခ်ဟွန်း
ငယ်ငယ်တုန်းကပုံနဲ့တစ်ပုံစံတည်း ။

" အသားပြားကျက်ပြီ ဖွားလေးတို့နဲ့ မနက်စာအတူ
စားရအောင် စားပွဲမှာသွားထိုင်နေတော့ သားလေး "

" ရေးးး "

လက်ခုပ်လေးတဖျတ်ဖျတ်တီးကာ မနက်စာစားခန်း
ထဲကိုဖင်လေးလှုပ်တုန့်လှုပ်တုန့်ဖြင့်ပြေးဝင်သွားသော
သားကိုကြည့်ပြီး ချန်းယောလ် အသဲတယားယား ဖြစ်
ရပေသည် ။

" ဟော တူလေးနိုးလာပြီလား "

" morning ပါးပါး "

တီလေးနာရာနှင့် သူမနက်စာခွံ့ကျွေးနေသော သားဆီ
ကနှုတ်ဆက်သံလေးတို့ကိုကြားရတာကြောင့် မနက်
စာစားအခန်းဝသို့ ချန်းယောလ်အကြည့်ပို့လိုက်မိတော့
တီရှပ်အဝါလေးကိုဂျင်းပြာလေးဖြင့်တွဲဝတ်ကာအပေါ်
မှနနွင်းရောင် အပေါ်ကုတ်လေးကိုထပ်ဝတ်ထားလျက်
နှင့် လွယ်အိတ်ကိုပခုံးတစ်ဖက်၌လွယ်ထားပြီး သူ့ကို
အကြည့်စူးစူးတို့ဖြင့်စိုက်ကြည့်နေသောဘတ်ခ်ဟွန်း
၏ လည်တိုင်ထက်တွင် ပတ်ထားသော အနက်ရောင်
မာဖလာလေးကိုကြည့်ခြင်းအားဖြင့်သူမနေ့ညကစိတ်
ရိုင်းထမိတာကြောင့် မတော်တဆ တံဆိပ်ခတ်နိပ်မိခဲ့
သောအမှတ်အသားတို့ကိုတစ်ကိုယ်ရေသန့်ရှင်းရေး
လုပ်ရင်းမြင်သွားပြီး သူ့ကိုစိတ်ဆိုးနေလောက်ပြီထင်
သည် ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now