FA:B [ 26 ]

6.5K 970 32
                                    

အရှိန်မသတ်နိုင် ခြေလှမ်းတို့ဖြင့် ပန်းတိုင်ဆို
သော သူသွားချင်သည့်နေရာသို့မရောက်မချင်း
ပြေးမြဲပြေးနေသော ဂျုံအင် ။

ရိုက်ကွင်းပြီးပြီးချင်း သူ့ကုတ်အင်္ကျီထဲက ငြိမ်
သက်နေသည့် ဆဲလ်ဖုန်းလေးကို ထုတ်ယူပြီးအ
ကြည့် ။

တွေ့လိုက်ရသော ဒါယောင်းပို့ထားတဲ့ စာတစ်
စောင်ကြောင့် ရိုက်ကွင်းကဒါရိုက်တာတွေကို
တောင် နှုတ်ဆက်စကား ကောင်းကောင်း မ
ဆိုနိုင်ဘဲ ဆေးရုံသို့သာပြေးထွက်လို့ လာခဲ့တာ
Mask နဲ့ဦးထုပ်ဝတ်ဖို့ကိုတောင် မေ့လျော့သည့်
အထိပင် ။

ဘယ်လောက်ပဲ ငယ်သူငယ်ချင်းလို့ ပြောပြော ။

တစ်ချိန်ကသူ့နှလုံးသားနဲ့ ရင်းနှီးပြီး ချစ်ခဲ့ရတဲ့
အချစ်ဦးဖြစ်ခဲ့တာကြောင့် အခုချိန်ထိ ဘတ်ခ်
ဟွန်းနဲ့ပတ်သက်လာလျှင် အသေးအမွှားလေးက
အစ သူ စိတ်ပူ စိုးရိမ်ပြီး တုန်လှုပ်နေတတ်တုန်း
ပင် ။

" မင်းဘာမှမဖြစ်ရဘူး ဟွန်း ... မင်းဘာမှမဖြစ်ရဘူး "

ဆောက်တည်ရာမဲ့နေသော စိတ်တို့ဖြင့် ဘတ်ခ်
ဟွန်းရှိရာဆေးရုံအခန်းငယ်လေးဆီသို့ပြေးလွှား
နေခဲ့ရာ နောက်ဆုံး သူရောက်လိုရာ ပန်းတိုင်ဖြစ်
တဲ့ ဘတ်ခ်ဟွန်း အခန်းအရှေ့သို့ရောက်သည်နှင့်
အခန်းတံခါးလေးကို အလျင်ဆွဲဖွင့်ကာ ပြေးဝင်
သွားလိုက်တော့ ဘယ်ဘက် လက်ကောက်ဝတ်
တွင် ပတ်တီး အဖွေးသားနဲ့ မျက်လုံး စုံမှိတ်ကာ
ကုတင်ထက်အိပ်စက်နေသော ဘတ်ခ်ဟွန်းကို
တွေ့လိုက်ရသည် ။

နံဘေးတွင်လည်း ဘတ်ခ်ဟွန်းရဲ့ ညာဘက်လက်
လေးကိုဆုပ်ကိုင်ပြီး ငူငေါင်ငေါင်နဲ့ ထိုင်နေသော
သူ့အစ်ကိုကြီး ချန်းယောလ်နှင့် ဆေးကုန်သွားလို့
ကိုယ်တိုင်ဆေးပြောင်းချိတ်ပေးနေသောဒါယောင်း ။

" မမဒါယောင်း "

" ရောက်ပြီလား ဂျုံအင်နီ "

" ဟွန်း ဘယ်လိုနေသေးလဲ "

" အခုတော့ အားလုံးပုံမှန် ပြန်ဖြစ်သွားပါပြီ
တော်သေးတယ်လို့ပဲ ပြောရမလား ... ချန်း
ယောလ်အတွေ့မြန်ပြီး မမကိုအကြောင်းကြား
လို့ပေါ့ နို့မို့သာဆို မတွေးရဲစရာပဲ "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Onde histórias criam vida. Descubra agora