FA:B [ 19 ]

5.2K 971 182
                                    

လေပြည်​ညှင်း​လေးလို ၊ ဖုန်​​မှုန့်​​လေး​တွေလိုဖမ်းဆုပ်
ကိုင်​လို့မရတဲ့တစ်​ဖက်​သတ်​အချစ်​ ။ ဝမ်းနည်းဇာတ်
အိမ်​ အတွင်းပျော်​ဝင်​ဆဲ ။

အလုံပိတ်​ထားတဲ့ ရင်​ခွင်​တံခါး​လေးအထက်တ​ဒေါက်
ဒေါက်​နှင့်​ ရှားရှားပါးပါးလာ​ခေါက်​​လာ​​​မယ့်​​ဧည့်​သည်
သည်​ကား အဘယ်​နည်း ? ။

စာကြည့်​စားပွဲခုံ​ပေါ်ရှိ ​အလှတင်​ထား​သော Photo
stand ​လေးတွင်​​​တွေ့မြင်​​​ရ​သော  ​ကျောင်း​ဆင်းဘွဲ့
နှင်းသဘင်​​ပေးအပ်ပွဲတွင်​ဘွဲ့နှင်းဝတ်​စုံ​လေးဖြင့်​ပြုံး​ပျော်
နေ​သော အသက်​တစ်ဆစ်ချိုး ​​အရွယ်​​ထပ်ေ​ရာက်​လာ
ခဲ့ပြန်ြ​ပီဖြစ်​​သောအသားဖြူဖြူ ၊ အရပ်​မြင့်​မြင့်​ ​နား​လေး
အနည်းင​ယ်​ကား​​နေတဲ့​ ​ကောင်​​လေး တစ်​​ယောက်​ရဲ့
ရင်​ခွင်​ထဲ မဟုတ်​ဘဲ ။

အရပ်​မြင့်​မြင့်​ ။ အသားညိုညို​ ကောင်​​လေးတစ်​​ယောက်​ရဲ့
ရင်​ခွင်​ထဲတွင်​ မျက်​လုံး​မှေး​မှေး​လေး​တွေဖြင့်​ ပြုံးရယ်​​လို့နေ
သော​ကောင်​​လေးတစ်​​ယောက် ။

သုံးနှစ်​တာဆိုတဲ့ အချိန်​အ​တောအတွင်း ​ကျောင်း​စာဖြင့်
သာ ခံစားချက်​ရှိ​သောနှလုံးသားကို ဖုံးဖိလျစ်​လျူရှုထား
လို့​နေခဲ့သည်​မှာ ​ဆွေး​မြေ့​မြေ့ ရင်​ခွင်​​တံခါး​လေးကိုချိတ်
ပိတ်​ထားတဲ့​ သံ​ချေးတတ်​​နေပြီဖြစ်​သော သော့အိမ်​လေး
က သက်​​သေ ။

" ဟူးဟူး​လေး​ရေ ! ! "

" ကျွန်​​တော်​​နိုး​နေပြီ တီ​လေး "

အောက်​ထပ်​က ကြားရတဲ့ အ​ဒေါ်ဖြစ်​သူ၏ အိပ်​ရာခေါ်နိုး
သံကြားရသည်​နှင့်​ စာကြည့်​စားပွဲ​ပေါ်က ညကတည်းက
အဆင်သင့်ပြင်ထားတဲ့ ​​​​လွယ်​အိတ်​​​လေးကို ဆွဲယူလျက်
အောက်​ထပ်​သို့​ ဘတ်​ခ်​ဟွန်း ပြေးဆင်းလာခဲ့​သည်​ ။

တိုက်​တိုက်​ဆိုင်​ဆိုင်​ ဒီတစ်​​နေ့ တက္ကသိုလ်​စတက်​ရ
မယ့်​​နေ့မှာပဲ နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေမိလို့အိပ်​ရာ
ထ​​နောက်​ကျတဲ့အတွက်​ ​အောက်​ထပ်​သို့​ပြေးဆင်းရင်း
လက်​ကနာရီကိုတစ်ချက်ြ​​ကည့်​လိုက်​လျက်​ ...

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now