FA:B [ 15 ]

5.6K 939 155
                                    

「BYUN BAEKHYUN」

" ​ယောက်​ဖ မင်းသိပြီးပြီလား "

အဆုံးအစမရှိ​သော ဂျုံအင်​စကား​ကြောင့်​ ​ကျွန်​​တော်
ပေါင်​မုန့်​​လေးကိုက်​စားရင်း​ဘာလဲဆိုသည့်​သ​ဘောဖြင့်
မျက်​ခုံး​လေးပင့်ြ​ပလိုက်​သည် ​။

" မင်​​ယောင်းကမင်းလိုပဲ ပထမနှစ်​ Queen တဲ့ "

ဂျုံအင်​အ​ပြော​ကြောင့်ြေ​ဖာင့်​တန်း​နေ​ရာမှ တွန့်​ကျိုး
သွားခဲ့ရ​သော ကျွန်​​တော့်​ရဲ့မျက်​ခုံးတစ်​စုံ ။

ဂျန်​မင်​​ယောင်း ။ မမဂျန်​ဒါ​ယောင်း၏ ညီမတစ်​ဝမ်းကွဲ ။

ငယ်​ငယ်​​လေးကတည်းကကျွန်​တော်အရမ်းမုန်းရပြီး ။
ကျွန်​တော်​​နဲ့လုံးဝမတည့်​တဲ့​ အချိန်​ရရင်​ရသလို ကိုကို့
အနားကို တောက်​တက်​လို လိုက်​လိုက်ကပ်​​တွယ်ေ​န
တတ်​သည့်​ကျွန်ေ​တာ့်​ထက်ဆိုးေ​သာ သူမ ။

" အဲ့​တော့ ငါကဘာလုပ်​ရမှာလဲ ? "

ဆာ​နေတဲ့​ ဗိုက်​​တောင်​မဆာ​တော့ ။ စား​နေတဲ့​​ ​ပေါင်​မုန့်
တောင်​ ဘာအရသာမှမရှိ​တော့ ။ ချက်​ချင်းဆိုသလိုပြည့်
သွားခဲ့တဲ့ရင်​ ။

ဂျန်​မင်​​ယောင်းဆိုတာ .. အခုလိုအစားအစာကို ခုံမင်​​တဲ့
ကျွန်​​တော့်ကို​တောင်​ အစားအ​သောက်ပျက်​​အောင်​​ လုပ်
နိုင်​​တဲ့အဖျက်​ပိုးတစ်​မျိုးပင်​ ။

" သူကငါတို့နဲ့တစ်​တန်းအတူလာကျတာကွ မင်းမသိလို့
အခု​နောက်​ပိုင်း မင်​​ယောင်းကအရွယ်​​ရောက်​လာ​လို့လား
မသိဘူး ပိုပို​ချောလာ​တယ်​ကွ အခု​တောင်​အနုပညာ​လော
ကထဲမှာ က​လေးသရုပ်​​ဆောင်​အဖြစ်​နဲ့ နာမည်​တစ်​ခုရ​နေ
ပြီကွ ဒါ​တောင် ​ဒီ​နေ့​ကြော်​ငြာရိုက်​ကွင်းရှိလို့​ကျောင်းကိုမ
လာလို့ မင်းနဲ့ငါ သူ့ကိုဒီအတန်းထဲမှာမ​တွေ့ရတာ "

မင်​​ယောင်းအ​ပေါ်သို့ စိတ်​ဝင်​စားခြင်း အနည်းငယ်​ရှိ​သော
ဂျုံအင်​​ပြော​ပြ​နေ​သော သူမ၏အကြောင်းတို့မှာ ကျွန်​​တော့်
နားထဲ​သို့ဝယ်​​ ​ယောင်​လို့မျှ တစ်​စုံတစ်​ခုဝင်​လာခြင်းမရှိခဲ့ ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now