FA:B [ 03 ]

6.7K 910 68
                                    

" တကယ်​​ပြော​နေတာလား ဟူးဟူး​လေး ? "

တအံ့တသြနဲ့ ​မေးလာ​သော တီ​လေးဖြစ်​သူ ဗြောင်​နာရာ
အား ​ပေါက်​စဟူးဟူး​လေး ​ပူတင်း​တွေပြည့်​နက်​​နေ​သော
ပါးဆုပ်​​ဖောင်း​ဖောင်း​လေးနှင့်​ခေါင်း​လေးကိုတဆက်​ဆက်
ငြိမ့်​ပြ​လိုက်​သည်​ ။

" တီတီ​လေးက ဟူးဟူး​လေးကို​ ကျောင်းလိုက်​မပို့​ပေးရ
ဘူးဆိုတာ တကယ်​ ! "

မယုံကြည်​နိုင်​စွာ ထပ်​တလဲလဲ​ အ​မေးဆိုလာတဲ့တီ​လေး
ဖြစ်​သူအား​ပေါက်​စ​​ထပ်မံ၍​​ခေါင်း​လေးပြုတ်​ထွက်​မတတ်
ငြိမ့်​ပြလျက်​ ...

" တီတီ​လေး​​နောက်​နေ့ကစပြီး ​ဟူးဟူးကို​ကျောင်းယိုက်
မပို့​ပေးနဲ့​တော့ "

" ဘာဖြစ်​လို့လဲ ဟူးဟူး​လေးရဲ့ .. တီတီ​လေး ဟူးဟူး​လေး
စိတ်​ဆိုး​အောင်​ ဘာများလုပ်​မိလို့လဲ ဟင်​ "

မိမိ၏ မရှင်းမရှင်း စကားတို့​ကြောင့်​ မနက်​စာကို​တောင်
ဖြောင့်​​အောင်​ ​မစားနိုင် ။ မိမိစိတ်​ဆိုး​နေတယ်​ ​အထင်​နဲ့
စိုးရိမ်​တကြီးဖြင့်​​မေး​နေ​သော သူမအား ​​ခေါင်း​ပေါ်​က စု
စည်းထားတဲ့ ကြက်​​တောင်​စည်း​​လေးလှုပ်​ရမ်းသွားသည်
အထိ​ ခေါင်း​လေး​ကိုဘယ်ညြာ​ပန်​ခါပြ​ပြီး ...

" ဟူးဟူး​လေး စိတ်​ဆိုးရို့ တီတီ​လေးကို​ ကျောင်းယိုက်
မပို့ခိုင်းတာမဟုတ်​ပါဝူး ဟူးဟူး​လေးကတိုတိုချာနူးလ်​နဲ့
အတူ​ ​ကျောင်းသွားချင်​ရို့ တီတီ​လေးကို​ ​တမင်ေ​ကျာင်း
ယိုက်​မပို့​ခိုင်းတာ ဟီး "

ပူတင်းပလုတ်​ပ​လောင်းဖြင့်​အူးအူးဝါးဝါးစကားမပီတပီ​​လေး
ဖြင့်​ ပြန်​​ပြောလာ​သော​ ​ပေါက်​စ စကားအဆုံး ​​ဗြောင်​နာရာ
တို့ညီအစ်​မနှစ်​​ယောက်​ ​တစ်​​ယောက်​မျက်​နှာတစ်​​ယောက်
ပြန်​ကြည့်​မိပြီး ပြိုင်​တူပြုံးရယ်​မိသည်​ ။

" ဟာ ! ! ၈နာရီ​တောင်​ထိုးသွားပြီ သွားပြီ  သွားပြီ
ဟူးဟူး​လေး​နောက်​ကျ​​ပြီ ​.. နောက်​ကျပြီ .. မားမား
တီတီ​လေး ဟူးဟူး​လေး​ကျောင်းသွားပြီး​နော်​ ချစ်​တယ်
နော်​ ဘိုင့်​ဘိုင်​ "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now