FA:B [ 06 ]

5.6K 846 37
                                    

" အ ! .. နာတယ် .. နာတယ်​ .. နာတယ်​ တိုတို "

မခံမရပ်​နိုင်​​အောင်​ နာလွန်း​လို့ ကိုယ်​လုံး​လေး လှုပ်​ကာ
မျက်နှာ​လေးရှုံ့​မဲ့ပြ​နေ​သောပေါက်​စ​ကြောင့်​ချန်း​ယောလ်
မျက်​​မှောင်​ကြုပ်လိုက်​​​​မိသည်​ ။

" ခဏပဲ ပြီး​တော့မယ်​ .. သည်းခံလိုက် ​​​"

" ဟင့်​အင်း .. ဟူးဟူး​​လေး အရမ်းနာ​နေပြီ
မခံနိုင်​​တော့ဘူး တိုတို "

သူ့လက်​တစ်​ဖက်​​ကို အတင်းလှမ်းဆွဲပြီး အရည်​လဲ့
နေ​သော မျက်​ဝန်း​လေး​တွေဖြင့်​​ ခေါင်းခါရမ်းပြ​သော 
ပေါက်​စ ။

နေ​ကောင်းခါစ တစ်​ကိုယ်​လုံး ကိုက်​ခဲ​နေလို့ဆိုပြီး သူ့ကို
ကြက်​​တောင်​စည်း​စည်း​ပေးပါဆိုလို့​ ​ပူဆာလို့ ​စေတနာပါ
ပါနှင့်​ အပင်​ပန်းခံပြီးကြက်​​တောင်​စည်း စည်း​ပေးရ​သေး
တယ်​ ။ အငြိမ့်​မခံ ' နာတယ်​ ၊ နာတယ်​ 'လို့သာ ​အော်
ပြီး​သည်းပြ​နေ​သော​ ပေါက်​စ၏ ​နဖူး​ပြင်​​​လေးအား လက်
ညှိုး​လေးဖြင့်​ ခပ်​ဖွဖွ​လေးတောက်​ချလိုက်​​တော့ ။ မိုးပြို
တော့မယ့်​မျက်​နှာ​ပေးနှင့်​လူကိုနှုတ်​ခမ်းကြီး​ထော်​ပြီး ပြန်
ကြည့်​​​လာ​လေရဲ့​ ။

တကယ်​ပဲ ​နေမ​ကောင်းတုန်းက သူ အကျင့်​လုပ်​ပြီး
အလိုလိုက်​​ပေးခဲ့မိတာမှားပြီလို့တွေးမိရင်း ​​နောင်တ
တွေသာ အလုံးလိုက်အရ​င်းလိုက်ရမိသည်​​​ ။

မျက်​နှာထားတည်​တည်​ သူစိမ်းဆန်​ဆန်​ဖြင့် ​ခပ်​ခွာခွာ
နေခဲ့တုန်းက​တောင်​သူ့ကိုတစ်​စက်​​လေးမှမ​ကြောက်​တဲ့
ပေါက်​စက မ​နေ့ကကဲ့သို့လို သူအလိုလိုက်​​ပေးလိုက်​မိ
သည့်​​​နောက်​ပိုင်းသူ့ကို​ကြောက်​လာဖို့​နေ​နေ အချိန်​ရရင် 
ရသလို အချွဲနည်းမျိုးစုံတို့ဖြင့်​ခိုင်းခိုင်းစားလို့​​နေသည်​မှာ
ယ​နေ့ မနက်​​ သူကျောင်း​နောက်​ကျ​နေတာက သက်​​သေ
နမူနာသင်​ခန်းစာအ​ဖြစ်​မှတ်​ယူနိုင်​သည်​ ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now