FA:B [ 25 ]

6.2K 981 66
                                    

" ရား ! .. ပတ်ချန်းယောလ် နင့်မျက်နှာကြီးက
ဘာဖြစ်နေတာလဲ ? ... အီးမှန်နေတဲ့ရုပ်နဲ့ "

အချင်းချင်းကပ်ဖဲ့နေတဲ့ ဒါယောင်းကိုမျက်စောင်း
တစ်ချက်သာထိုးပြီးဘာစကားမှမပြောဘဲမျက်နှာ
ကို ဆန်ကျင်ဘက် အရပ်သို့ လွဲသွားခဲ့သော ချန်း
ယောလ်ကိုကြည့်ပြီး ဂျောင်ဆူးပြုံးမိသည် ။

" ဘာမှမဟုတ်ဘူး ယောင်းရေ ... ငါသူ့ကို
ကုမ္ပဏီသွားဖို့လာခေါ်လို့ စိတ်ဆိုးနေတာ "

အခုမှဘတ်ခ်ဟွန်းအနားကမခွဲနိုင်မခွာရက်ဖြစ်နေတဲ့
ချန်းယောလ်ကိုကြည့်ပြီး ဒါယောင်း မဲ့ပြုံးပြုံးလိုက်
မိသည် ။

" လူဆိုတာ ဒါပဲ ဂျောင်ဆူး ... ကိုယ့်အနားမှာရှိ
နေတုန်းကဖြင့် တန်ဖိုးထားရကောင်းမှန်း မသိ
ဂရုစိုက်ရမှန်းမသိနဲ့ အခုမှလာပြီး သည်းသည်း
လှုပ်ပြနေလိုက်တာ မျက်ပြင်းကပ်ချင်စရာ ဒါ
မျိုးပေါ့ .. ဝဋ်လည်တယ်ဆိုတာ ... အဟင်း ....
ဒါတောင် ဝဋ်က အကုန်မလည်သေးဘူးနော်
အခုမှအစပဲရှိသေးတယ် "

တမင် ချန်းယောလ်ကို ရွဲ့ပြောနေသော ဒါယောင်း ။

နှစ်ကာလအတော်ကြာကြာမျှ သူမရဲ့ ဟူးဟူးလေး
ခံစားရသော နာကျင်မှုတို့နဲ့ ယှဉ်ကြည့်မယ်ဆိုရင် ။
အခု သူမ ငယ်သူငယ်ချင်းချန်းယောလ်ခံစားနေရ
တာက အချိုးတစ်ဝက်တောင် မကျသေးတာမလို့ ။

တခြားသူတွေသာ ချန်းယောလ်ကို သနားချင်သနား
ကြလိမ့်မယ်။ သူမကတော့ ဟူးဟူးလေး ဘက်ကမို့ ။
ငယ်သူငယ်ချင်းမကလို့ ဘာကြီးပဲဖြစ်နေပါစေ ။
မသနားနိုင်ပေါင် ။

ဒါ့အပြင် ။ ချန်းယောလ်မှာလည်း သူ့အပြစ်ကို သူ
သိတာမို့ ။ ဒါယောင်း ထိုကဲ့သို့စကားတွေ ထိုးနှက်
လာတိုင်းနှုတ်ဆိတ်ကာ အပြစ်သားသဖွယ် နေနေ
တတ်သည် ။

" ဒါနဲ့ ဟူးဟူးလေးကိုရော ပြောပြပြီးပြီလား "

ဂျောင်ဆူးစကားအဆုံး ဒါယောင်း ခေါင်းခါရမ်း
ပြလျက် ...

" မပြောရသေးဘူး ဂျောင်ဆူး .. ဟူးဟူးလေးကို
အဖြစ်မှန်တွေဘယ်လိုပြောပြရမလဲဆိုတာ ငါတို့
လည်း စဉ်းစားလို့ မရဘူး ... ဟူးဟူးလေးသာ သိ
သွားရင် ဘယ်လောက်တောင် ခံစားပြီး ဝမ်းနည်း
လိုက်မလဲ စဉ်းစားရင်း စဉ်းစားရင်း တကယ်ကို
အသက်ရှူကြပ်လာတယ်ဟာ "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now