FA:B [ 31 ]

6.6K 887 188
                                    

တစ်ခုခုကိုမဆုံးရှူံးလိုက်ရသေးတဲ့အချိန် ။ ကိုယ့်ဘဝ
မှာ ထိုအရာက ဘယ်လောက်အရေးကြီးသလဲဆိုတာ
ဘယ်သူမှအလွယ်တကူမသိနိုင်ဘူး ။

ဆုပ်ကိုင်မရတဲ့ ကုန်ဆုံးသွားခဲ့တဲ့နေ့ရက်တွေ ။
အချိန်နာရီတို့ရွေ့လျားမှုကြောင့် အမှတ်တရအ
ဖြစ်အမည်လေးတပ်ခွင့်ရခဲ့တဲ့ အချိန်အခိုက်အ
တန့်လေးတွေ ။ ပြန်ဆုပ်ကိုင်ပြီးပြောင်းလဲချင်မိ
တဲ့နောင်တနွံထဲနစ်မြှုပ်နေသောနှလုံးသားလေး ။
ပျောက်ဆုံးနေသောပိုင်ရှင်လေးကိုယနေ့ထိတိုင်
လိုက်ရှာနေမိဆဲ ။

ကျွန်တော် ဟွန်းငယ်ကိုလိုက်ရှာနေခဲ့တာ ၅နှစ်ပြည့်
လို့၆နှစ်နီးနီးရှိတော့မယ် ။ ဒေါ်လေးမင်ရီဈာပနအပြီး
' သူ့ကိုလိုက်မရှာပါနဲ့ ' ဆိုတဲ့စာလေးတစ်စောင်နဲ့ဂျွန်
နှင့်အတူဟွန်းငယ်ပျောက်သွားခဲ့သည် ။

ဟွန်းငယ်ပျောက်သွားသည့်နေ့ကစပြီး တီလေးနာရာ
နှင့်ကျွန်တော်တို့အားလုံး ဟွန်းငယ်ကိုကြိုးကြိုစားစား
ရှာဖွေခဲ့သော်လည်း ဟွန်းငယ်ကို ပြန်ရှာတွေ့ပြီလားမ
ပြောနဲ့ ။ ဟွန်းငယ်နှင့် ပတ်သတ်တဲ့ သတင်းအတိုအစ ၊
ဓာတ်ပုံတချို့တို့ကိုတောင် ရှာလည်းမတွေ့ခဲ့ရသလို
ကြားလည်းမကြားခဲ့ ။

* ကျွီ *

အရာအားလုံး ပြောင်းလဲလို့သွားခဲ့ပေမယ့် နေ့တိုင်းလိုလို
ရောက်ဖြစ်တဲ့ HuHu's Paradise အမည်ရှိတဲ့
ပိုင်ရှင်မဲ့နေသော အခန်းငယ်လေးကတော့ နည်းနည်းလေး
မှမပြောင်းလဲသွားခဲ့ဘူး ။

ပိုင်ရှင်အစား ကြိုဆိုပေးသော ကျွန်တော်ပါဝင်တဲ့ဟူး
ဟူးလေးရဲ့ ဒိုင်ယာရီလို့ အမည်ရေးထိုးထားတဲ့စာအုပ်
လေးထဲကကျွန်တော်တို့ကြီးပြင်းလာတဲ့ အချိန်တွေကို
ပုံဖော်ရေးသားထားတဲ့ ပျော်ရွှင်ခြင်း ။ ဝမ်းနည်းခြင်း ။
နာကျင်ခြင်းတွေစသောစသောအကြောင်းတွေအားလုံး
ကလည်း အရင်အတိုင်းလိုပါပဲ ကိုယ့်ရင်ကိုစို့နစ်နေဆဲ
ပဲ ။

ကျွန်တော် မှားခဲ့တယ်ဆိုတာ ကျွန်တော်ဝန်ခံပါသည် ။
ကျွန်တော် ကိုယ့်ခံစားချက်ကိုသိအောင်လုပ်ခဲ့သင့်ပြီး
ဟွန်းငယ်ကိုနာကျင်မှုတွေမပေးခဲ့သင့်ဘူး ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now