FA:B [ 33 ]

6.4K 917 177
                                    

" ပါးပါး "

" ဗျာဗျ "

ကျောင်းအင်္ကျီလဲပေးနေသည့် ဘတ်ခ်ဟွန်းပါးပြင်လေး
နှစ်ဖက်ကို လက်ကလေးသေးသေးလေးတွေဖြင့် အုပ်
မိုးကိုင်ပြီး ခေါ်လာသောသားအား ဘတ်ခ်ဟွန်း အပြုံး
လေးတွေနှင့်သာ ပြန်ထူးလိုက်လေသည် ။

" ညကအိပ်မပျော်ဝူးယား ဟင် ဟူးဟူးလေး ပါးပါးကို
ကြည့်ရတာ မျက်နှာကသိပ်မလန်းသလိုပဲ "

" မဟုတ်ပါဘူးသားရဲ့ ပါးပါးအိပ်ပျော်ပါတယ် "

အပြုံးတွေနှင့် ဘတ်ခ်ဟွန်း မုသားတွေသာဆိုလိုက်
မိသည် ။ အမှန်တိုင်းပြောရရင် သူ ညကတစ်ညလုံး
ကောင်းကောင်း အိပ်မပျော်ခဲ့ပါ ။

သူ့ကို ဂျုံအင်ပြောခဲ့သောဘယ်လောက်ပဲဖုံးကွယ်ထား
ဖုံးကွယ်ထားပါစေ ။ တစ်ချိန်ချိန်မှာ အမှန်တရားတွေ
အားလုံးက မပေါ်ချင်ဘဲပေါ်သွားခဲ့မှာကို သူတွေးပူပြီး
စိုးရိမ်စိတ်တို့ဖြစ်မိသည် ။

ဒါ့အပြင် သူ့သားကိုသူ့အနားက ခွဲထုတ်သွားမှာကို
လည်း သူတွေးကြောက်မိသည် ။

" ........... သိလား ပါးပါး . . ပါးပါးလို့ "

အမှတ်မထင် အတွေးပင်လယ်ထဲ ရွက်လွှင့်မိပြန်တော့
သူ့လက်မောင်းကိုလှုပ်ခါပြီးခေါ်နေသော သားရဲ့ခေါ်သံ
လေးကြောင့် သူ့အတွေးတို့ ရပ်တန့်သွားခဲ့သည် ။

" ဟင် သားပါးပါးကိုဘာပြောလိုက်တာလဲ
ပါးပါးမကြားလိုက်လို့ "

" ဟူးဟူးလေးကို ဒီနေ့တီတီလှလှကကျောင်းအသစ်ကို
လိုက်ပို့ပေးမယ်တဲ့ "

" တီတီလှလှ ? ဘယ်ကတီတီလှလှလဲ သားရဲ့ "

" ဟင် ပါးပါးမသိပြန်ဝူးယား ဖွားလေးနဲ့ညတုန်းက
အတူလာအိပ်ပေးတဲ့ တီတီလှလှလေ "

ဟူးဟူးလေးစကားကြောင့် တွေးမိတွေးရာတွေးမိတော့
အတွေးထဲဘွားခနဲပေါ်လာသောသူ့တီလေးနှင့်အတူည
က အဖော်လာအိပ်ပေးတဲ့ ဒါယောင်းကိုမြင်ယောင်မိပြီး
ဘတ်ခ်ဟွန်း ဟက်ခနဲအသံထွက်၍ရယ်လိုက်မိသည် ။

သူ့သားပြောတဲ့ တီတီလှလှက သူ့ရဲ့ မမဒါယောင်းကို
ရည်ညွှန်းတာတဲ့လား  ။  ချက်ချင်းကို ဒါယောင်းတို့ကို
နာမည်တွေကိုယ်စီလိုက်ပေးပြီးမှတ်ထားတဲ့ သိပ်လည်
ပြီး သိပ်ကိုစကားကြွယ်လွန်းသောသားကို ဘတ်ခ်ဟွန်း
တစ်နေ့တစ်ခြား အချစ်တိုးရတယ်လို့ပြောရင်ပိုရာမကျ
ပေ ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now