FA:B [ 10 ]

6.8K 865 38
                                    


" အချစ်ဆိုတာကို မင်းဘယ်​လိုနားလည်လဲ ​နီနီ "

အရပ်​နှင့်​မလိုက်​အောင်​ အမြဲတမ်းစကားကြီးစကားကျယ်
ပြောတတ်​​သော ​ပေါက်​စ၏အ​မေး​ကြောင့်​ ဂျုံအင်​ ​ကြက်
ပေါင်​​အကိုက်​ပျက်​ရပြန်​ပြီ ။

ခံတွင်းထဲက ဝါးလို့မပြီးဆုံး​သေး​သော ကြက်​သားတို့ကို
ညက်​ညက်​​ကြေအောင်​ဝါးစားရင်း​ပေါက်​စ၏အ​မေးအား
ဂျုံအင်​ စဉ်းစားခန်းဖွင့်​လျက်​ ...

" အချစ်​ ! "

" အင်း .. အချစ်​ "

ကြက်​​ပေါက်​ကိုက်​လျက်​ သူ့ဘက်​သို့​ခေါင်းလှည့်​ပြီး
အ​မေးပြန်​ဆိုလာ​သော ဂျုံအင်​အား​ ပေါက်​စ​ ခေါင်း
လေးအသာပြန်​ငြိမ့်​ပြ​ပြီး ​​လေသံငြိမ်​ငြိမ်​​က​လေးဖြင့်​ 
အ​နောက်​မှစကားပြန်​​ထောက်​​ပေးလိုက်​​သောအခါ ...

" အင်း ... ​ဘယ်​လို​ပြောရမလဲ .. ငါလည်း​မသိဘူး "

သိသလိုလို ဆရာကြီးဆိုဒ်​ဖမ်းပြီး ကြက်​​ပေါင်​ပြန်​ကိုက်
ကာ ဘူးဆိုလာ​သော ဂျုံအင်​အား ​ပေါက်​စ​ မျက်​​စောင်း
တစ်​ချက်​ပစ်​ခဲလျက်​ ...

" မင်းလိုအား​နေကြက်​​ပေါင်ကိုက်ဖို့နဲ့ ကြက်​​​ကြာ်စားရဖို့ပဲ
သိတဲ့ ​က​လေး​က အချစ်​ဆိုတာကိုမသိတာလည်း​မဆန်း
ပါဘူး​လေ ထားလိုက်ပါ မင်းကိုမေးမိတာကိုကငါ့အမှားပဲ "

ထိုကဲ့သို့ လူကြီးဆန်​ဆန်​ဆိုလာ​သော ​ပေါက်​စ စကား
ကြောင့်​ ကြက်​​ပေါင်​ အကိုက်​ပျက်​သွားခဲ့ရ​သည့်​အပြင်
လက်​ထဲကကိုက်လက်စ ကြက်​​ပေါင်​အား ကြက်​​ကြော်
ဘူးထဲသို့ အသာပြန်​ထားပြီး ​မျက်​နှာချင်းဆိုင်ကပေါက်​စ
၏မျက်​နှာအား ဂျုံအင်​ခပ်​​စေ့​စေ့ပြန်​စိုက်​ကြည့်​လျက်​ ...

" ​ငါ့ကိုကြက်​ကြော်စားဖို့ပဲသိတဲ့က​လေးဆို​တော့ 
ယောက်​ဖ ပြောစမ်းပါဦး ​.. မင်းက ဘာလဲ ? "

" ငါကလား ? "

ဂြိုလ်​ကြည့်​ကြည့်​ပြီး​မေးလာ​သော ဂျုံအင်​အား ​ပေါက်​စ
သွား​ညီညီ​လေး​တွေစိပြရင်း သူ့ရင်​ဘတ်​ကိုသူ​လက်​ညှိုး
လေးပြန်ထိုး​​ကာ အ​မေးပြန်ဆို​လိုက်​​သော ...

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now