FA:B [ 12 ]
5.9K 837 68
🎶 I Want You .. I Want You .. Want
You .. I Want You .. I Want You Want
You .. ဂျဲဘာလ်​ အီဂျဲ ဂူမာန်​ .. ဘာမီ နူနုလ်​ ​မောလ်​ဂဲ
ကွန်​မ်​ ဟာနီ .. ​နောလ်​န်​ သို မိုလ်​လယ်​ ဆူ​မောဒု​ရော့ဒ်​ကျီ 🎶
သုံးဘက်​သုံးလည်​ပြဒါးမှန်​တို့နှင့်​ ဖွဲ့စည်း​တည်​ဆောက်
ဘလူးတူစ့်​​ဘောက်​မှ ကျယ်​​လောင်​စွာ   ဖွင့်​ထား​သော
သီချင်းသံစဉ်​နှင့်​ကကွက်​အ​ပေးအယူညီ​အောင်​ က​နေ
သော ဂျုံအင်​၏ ကကွက်​အချိုးအ​ကွေ့ ၊ လှုပ်​ရှားမှုလျင်
မြန်​ပုံ အဖုံဖုံတို့မှာတကယ့်​ ဝါရင့်​ idol တစ်​​ယောက်
ပမာအချိုးကျလွန်းကာအတုယူဖွယ်​​ကောင်းသ​လောက်​ ။
အ​နောက်​တွင်​ ဂျုံအင်​အက​လေ့ကျင့်​တိုင်းအ​ဖော်​အမြဲ
လိုက်​လိုက်​လာ​​ပေးတတ်​သည့်​ ​ပေါက်​စ တစ်ေ​ယာက်
မှာ​တော့ အ​ရှေ့တွင်​ ကကွက်​အတိအကျဖြင့်​ ကပြ​နေ
သော ဂျုံအင်ကို အားကျမခံ မကတတ်​ ၊ ကတတ်​နှင့်
လိုက်​၍ ကလို့နေသည်​မှာ  ​ရေမကူးတတ်​တဲ့​ပါပီ​လေး
တစ်​​ကောင်​ ရေနစ်​​​နေသလိုလို ။
" ​ဟေ့ I don't think so .. I don't think
so .. Yo .. Yo .. Yo "
" ဟားဟား ပါပီ​လေး​ရေနစ်​​နေတဲ့အကကွ​ ဟားဟား "
ရှည်​လျားလှသည့်​ အနက်အ​ဓိပ္ပါယ်​များစွာရှိတဲ့ သီချင်း
တစ်​ပုဒ်​လုံးတွင်​ အလွတ်​ရတဲ့ ' I don't think
so' စာသားတစ်​​ကြောင်းသာ လိုက်​ဆိုပြီး​ ခြေကဆုန်
ပေါက်​ကာက​နေ​သော ​ပေါက်​စ​ကြောင့်​ ဂျုံအင် ​​ဗိုက်​နိပ်
ကာ ရယ်​မိ​သည်​ ။
" ရား ! .. ပတ်​ဂျုံအင်​ ! ! "
ဂျုံအင်ကိုပင် ရှိတယ်​လို့မထင်​ ။ တစ်​​ယောက်​တည်း
တစ်​တိုင်း​ပြည်​ တည်​​နေ​ရာမှ တဟားဟားနှင့်​ ဟိန်း၍
ထွက်​လာတဲ့ ဂျုံအင်​၏ သူ့အား​လှောင်​ရယ်​တဲ့ ရယ်​သံ
တို့ကြောင့်​ တစ်​​ယောက်​တည်းကချင်​သလိုက ၊ ဆိုချင်
သလိုဆို​နေ​တာကိုရပ်​​၍ ။ ရှက်​ရမ်းရမ်းကာအနီးအနား
တွင်​ရှိ​သော​ရေ​ဗူးအခွံတို့ဖြင့်​ကောက်​​ပေါက်​​နေတာ​ကြောင့်
ဂျုံအင်​တစ်​​ယောက်​ခင်​​ဗျာကြည့်ဖူးသမျှ ​တရုတ်​ကား​တွေ
ထဲက ရှောင်​နိုင်လျှင်​ ကွန်​ဖူး ၊ မ​ရှောင်​နိုင်​လျှင်​ထိပ်​ဖူးဆို
သည့်​ သိုင်းကွက်​တို့အား ချနင်းရပြန်​​​တော့သည်​​ ။
|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now