FA:B [ 02 ]

8.5K 1K 106
                                    

* Alarm *

အဆက်​မပြတ်​မြည်​တွန်​​နေ​သော မီးအိမ်​စားပွဲ​ပေါ်က
နိုးစက်​ငယ်ေ​လးရဲ့ မြည်တွန်အသံအား​ပေါက်​စ​လေး
ဘိုဘိုဟူး ဥ​ပေက္ခာပြုလျက်​ ​ခြုံထားဆဲ စောင်​​ကို​သာ
ခေါင်းမြှီးခြုံပြီး ပုဇွန်​ထုပ်​​ကွေး​ကွေး​နေ​မိသည်​ ။

သည်​​တစ်​​နေ့သည်​ ​ကျောင်းပိတ်​ရက်​​၏ နောက်​ဆုံးရက်
ဖြစ်​​သော တနင်္ဂ​နွေ​နေ့ဖြစ်​သည့်​အတွက်​ မနက်​ဖြန်​​​အိပ်
ရာ​​ ​စော​စောထရမည့်​အ​ရေးအတွက်​ ကြိုတင်​ဘိုကင်လုပ်
၍​အတိုးချပြီး အိပ်​စက်​လို့​နေ​​ခြင်းပင်ဖြစ်သ​ည်​ ။

* ​ဒေါက်​ ​.. ဒေါက်​ *

" သားငယ်​လေး ​ဟူးဟူး​ .. ထ​တော့​လေကွယ်
မနက်​၉နာရီ​တောင်​ထိုး​နေပြီ​ "

အခန်းတံခါး​ခေါက်​ပြီး အခန်းထဲသို့ဝင်​​လာကာ ပုဇွန်​ထုပ်
လေးလို​​ကွေး​ကွေး​လေးအိပ်​​စက်ေ​န​သော ​ပေါက်​စ​လေး
ခြုံထား​သော​ စောင်​ကိုဆွဲလှန်​ပြီး ​ပေါက်​စ​လေးကိုယ်​လုံး
လေးအား​ဗြောင်မင်ရီ​​အသာ​လေးလှုပ်​ခါ​၍နိုး​နေ​လေ​သည်​ ။

" ဟင်းး မားမားကလည်း ဟူးဟူး အိပ်​​ရေးမဝ​သေး
ဘူးလို့ အချိန်​ပိစိ​လေးလောက်​​ထပ်ေ​ပးအိပ်​​​ပါနော်​ "

မနက်​၉နာရီထိုးထိ အိပ်​​နေတာ​တောင်​ အိပ်​မ​ရေး
မဝ​သေးဘူးလို့ ညည်းညူပြပြီး ရင်​ညွှန့်​သို့​လျှော်
ကျ​နေ​သော​စောင်​​လေးကိုပြန်ဆွဲယူပြီး​ခေါင်းမြှီးပြန်
ြ​ခုံ၍ သူမအားကျောခိုင်းပြီး ပြန်​အိပ်​ရန်​ အစပျိုး​နေ
သည့်​​ပေါက်​စကို ကြည့်​ပြီး သူမ ပြုံးလိုက်​မိသည်​ ။

" အဲ့ဒါဆို ​မားမားရဲ့ ဟူးဟူး​လေး အိပ်ေ​​​​​ရးဝ​အောင်
ဆက်အိပ်လိုက်​ဦးေ​​​နာ် မားမား​​ သားချန်းေ​​ယာလ်​​လေး
အိမ်​ကိုသွားပို့​ပေးရမယ့်​ဆန်​မုန့်​ကို ဟူးဟူး​လေးရဲ့
တီတီလေးကိုပဲ မားမားသွားပို့ခိုင်းလိုက်​​တော့မယ်​​နော်​ "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now