FA:B [ 41 ]

6.2K 908 55
                                    

နွေဦးလေးလိုတဒင်္ဂလေးပြီးဆုံးသွားတယ်လို့ထင်ရတဲ့
ပြီးဆုံးခဲ့တဲ့ အတိတ်လေးကို ပြန်လျှောက်လှမ်းကြည့်
မယ်ဆိုရင် ပျော်ရွှင်ခြင်းတစ်ဝက်တစ်ပြတ်နဲ့ နာကျင်ခဲ့
ရတဲ့နှလုံးသားလေးက အထင်ကရပါပဲ ။

အချစ်ကို သိခြင်းမရှိခင် ငယ်စဉ်ကတည်းက တစ်
ယောက်သောသူကိုသာအရိပ်တကြည့်ကြည့်ကြည့်
ပြီး စွဲလမ်းရင်း ချစ်မိခဲ့တဲ့ နေ့ရက်လေးတွေ ။

ဟန်ဆောင်ရယ်မောရင်းနာကျင်နေတဲ့နှလုံးသားလေး
ကိုအရူးလုပ်ခဲ့မိတဲ့ နေ့ရက်လေးတွေ ။

နာကျင်ရမယ်မှန်းသိရက်လျက်နှလုံးသားကို ဖိအား
ပေးပြီးဆက်ချစ်ခိုင်းမိခဲ့တဲ့နေ့ရက်လေးတွေ ။

ပိုင်ရှင်ရှိလျက်မဖြစ်နိုင်တဲ့တမ်းတတောင်းတခဲ့မိတဲ့
နေ့ရက်လေးတွေ ။

ဆောင်းဦးလေးညှင်းလိုပါပဲ ။ ပေါ့ပါးမယ်လို့ ထင်ခဲ့
ပေမယ့် တကယ်တမ်းတော့ရင်နင့်ခဲ့ရတဲ့နေ့ရက်လေး
တွေ အဖြစ်မဖြစ်မခံစေချင်ပဲ ' ရင်နင့်ခဲ့သော နေ့ရက်
လေးတွေ ' ဟူတဲ့ခေါင်းစဉ်လေး ရရှိသွားခဲ့သည် ။

ပင်ပန်းတယ် ။ ဘယ်လိုလုပ်မချစ်မိအောင် ကြိုးစား
ကြိုးစားစကားနားမထောင်တဲ့မလိမ်မိုးမလိမ်မာနှလုံး
သားလေးကြောင့်ဆယ်ကျော်သက်ဘဝလေးဟာ တ
ကယ်ကို အပျော်တစ်ဝက် ဝမ်းနည်းမှုတစ်ဝက်နဲ့ ဖြတ်
သန်းလိုက်ရသည် ။

ခြေတစ်လှမ်းလေးနောက်ဆုတ်ပြီး ရပ်စောင့်နေပါ့
မယ်လို့ စိတ်ထဲ တစ်ယောက်တည်း ပေးထားခဲ့တဲ့
ကတိလေး ။ မထင်မှတ်ပဲ ပျက်ပြယ်သွားတာက
ဝမ်းနည်းစရာပါ ။

အသက်တွေလည်း မနည်းတော့ဘူး ။ ကလေးငယ်
တွေလိုပြေးတမ်းလိုက်တမ်းကစားနေရမယ့်အရွယ်
တွေလည်း မဟုတ်တော့ဘူး ။

စိတ်အေးအေးဆေးဆေးနဲ့ ဆုံးဖြတ်ရမယ့် အချိန်ကို
ရောက်မှဘာကြောင့်ကလေးငယ်လေးတွေလို ဆော့
ကစားချင်ရတာလဲနှလုံးသားလေး ။

ဒီအတိုင်းလေး အလျော့ပေးလိုက်ရင် ဦးခေါင်းထက်
ကပန်ဆင်ထားတဲ့မာနလေးသရဖူတန်ဖိုးလေး လျော့
ကျသွားမှာဆိုးလို့လား ? ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now