FA:B [ 11 ]

6.2K 889 38
                                    

" အီး အဟင့်​ ကိုကိုမရ​တော့ဘူး .. ဟူးဟူး​လေး
ဆက်​မနင်းနိုင်​​တော့ဘူး အရမ်း အရမ်း​မော​နေပြီ "

လက်​ထဲစုပ်​လုံး​ရောက်ေ​အာင် ​ကိုယ်​တိုင်​လာမထည့်
ပေးနိုင်​တာက တစ်​​ကြောင်း ။ 

ဒီ​နေ့အဖို့ရာအတွက်​ စုပ်​လုံးကို ဒါ​ယောင်း​စားပစ်​လိုက်
လို့ စိတ်​ဆိုးတာကတစ်​​ကြောင်းနှင့်​ ။

မနက်​ကကျောင်းသွားဖို့ဝင်​​ခေါ်​သောသူ့အားငြင်းထုတ်
ပြီး ညီဖြစ်​သူ၏အ​နောက်သို့​ကောက်​​ကောက်​ပါ​အောင်
လိုက်​သွားခဲ့လို့ မ​ကျေမနပ်​ဖြစ်​မိတာက တစ်​​ကြောင်း ။

သို့​သော်​ သို့​သော်​ အ​ကြောင်း​ကြောင်းတို့ဖြင့်​ မကြီးမငယ်
ကြီးနှင့်​ ​စိတ်​​ဆိုး ၊ စိတ်​​ကောက်​​နေ​သော က​လေးမဟုတ်
သည့်​ က​လေးဆိုးကြီး ပတ်​ချန်း​ယောလ်​ ။

စိတ်​ဆိုး​စေ​သော အ​ကြောင်းသုံးရပ်​တို့ကို ကိုယ်​စားပြုပြီး
ပေါက်​စ​အား သူ့ကိုယ်​လုံးကြီး မနိုင်​တနိုင်​ကို စက်ဘီးနှင့်
တင်​​ခိုင်းပြီးပန်းခြံထဲ​ပတ်​နင်းခိုင်းသည်​မှာပေါက်စအတွက်
မူ ​အရက်​စက်​ဆုံးနှိပ်​စက်​နည်းတစ်​မျိုးဟုဆိုနိုင်​သည်​ ။

တောင့်​တင်းလှ​သော body structure
ရှည်​လျားလှ​သော​ခြေတံအရှည်​ကြီးကိုမှအားမနာ ။

ပိစိသေးညက်​ညက်​ပေါက်​စ​လေး နင်း​သောစက်​ဘီး
အ​နောက်​သို့လက်​စုံပိုက်​ပြီးလိုက်​စီး​သောချန်း​ယောလ်
ကို ကြည့်​ရတာ ဒီ​နေ့အဖို့ရာ ​ပေါက်​စတစ်​ယောက်​​အား
ကောင်း​ကောင်းကြီးအပြစ်​​ပေးဖို့စိတ်​ထဲရည်​ရွယ်​ထားပုံ
ရသည်​ ။

* တီ.. တီ .. တီတီ .. တီတီ *

တတီတီနှင့်​ မြည်​လာ​သော လက်​​ကောက်​ဝတ်​ကာ
နှလုံးခုန်​နှုန်း​ဖော်​ပြ​သော စက်​အသံ​ကြောင့်​ ​ပေါက်​စ
မျက်​နှာ​လေး တစ်​ချက်​မဲ့သွားခဲ့ပြီး သူ့နှလုံး​မော​နေပြီ
လို့​ ​ပြောတာ​တောင်​ဂရုစိုက်​မပြလာဘဲ ။ အပြစ်​မရှိတဲ့
သူ့ကိုအပြစ်​မရှိအပြစ်​ရှာပြီးအပြစ်​​ပေး​နေ​သော ကိုကို
ကြောင့်​ ဝမ်းနည်းမှုတို့မှ ရင်​ထဲလှိုက်​ခနဲ ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now