FA:B [ 23 ]

6.9K 874 41
                                    

ချည်နှောင်ခြင်းကင်းမဲ့နှင့်ဖြစ်ပေါ်ခဲ့သော ချစ်ခြင်း ။

နာကျင်ခြင်းတို့ အထပ်ထပ်လောင်းထည့် ။

မုန်းတီးခြင်းဟူသည် အဘယ်နည်း? ။

တဖျတ်ဖျတ်နှင့်ခတ်နေသော မျက်တောင်တစ်စုံ ။
အချိန်ကြာကြာ မှိတ်ထားခဲ့ရလို့ထင်၏ ။

ကျိန်းဆက်နေသော အခန်းမီးအလင်းကြောင့် အနည်း
ငယ်ဖွင့်လိုက်မှိတ်လိုက်လုပ်နေမိရင်း မျက်ဝန်းတစ်စုံ
အားအပြည့်အဝဖွင့်နိုင်အောင် သူကြိုးပမ်းမိသည် ။

" သားလေး .. မားမားသားလေး ...
မားမားသားလေး သတိရလာပြီလား "

" ဟူးဟူးလေး ... တီလေးရဲ့ဟူးဟူးလေး
သတိရလာပြီ ... ဒေါက်တာ !! ဆရာမ !! "

တူတော်မောင် သတိရလာပြီဆိုတာနှင့် ဗြောင်
နာရာတစ်ယောက်မှာ သက်ဆိုင်ရာ တာဝန်ကျ
ရာ ဆရာ ၊ ဆရာမတို့ကိုခေါ်ရန်အခန်းထဲမှပြေး
ထွက်သွားခဲ့သည် ။

ဗြောင်မင်ရီမှာတော့ ကုတင်ထက်တွင် သတိပြန်ရ
လာပြီဖြစ်သော သားရဲ့ နဖူးပြင်တွင်ဝဲကျနေသော
ဆံနွယ်လေးတို့ကိုလက်ချောင်းလေးတွေဖြင့် ဖယ်
ရှားပေးရင်း အလှဆုံးပြုံးပြမိသည် ။

အသည်းကင်ဆာ နောက်ဆုံးအဆင့် ရောက်နေပြီ
ဖြစ်တဲ့ သူမကိုယ်တောင်သူမ ဂရုမစိုက်နိုင် ။

ခုနစ်ရက်တစ်ပတ်တိတိ သတိလစ်နေသော သား
အနားတွင် တစ်ဖဝါးမှမခွာဘဲနေနေမိလို့နေသည်
မှာ သားအပေါ်သူမထားရှိသည့်မိခင်မေတ္တာတရား
ဘယ်လောက်ကြီးမားသလဲဆိုတာကို မြင်သာနိုင်
ပေသည် ။

" အားလုံး စိတ်ချလို့ရတဲ့ အခြေအနေဖြစ်သွားပါပြီ
လူနာအတွက် လိုအပ်တာမှာချင်လို့ နောက်ငါးမိနစ်
နေရင် ကျွန်တော့်ရုံးခန်းကို လူနာရှင်တစ်ယောက်
ယောက်လောက်ဖြစ်ဖြစ် လာခဲ့ပေးပါ "

" ဟုတ်ကဲ့ ဒေါက်တာ "

အခန်းထဲက ဒေါက်တာထွက်သွားသည်နှင့် တီလေး
ဖြစ်သူနှင့် တီတီတာတာ စကားလေးတွေဆိုနေသော
သားကိုငေးကြည့်ပြီး သူမခပ်ပျပျလေးသာပြုံးမိပြန်
သည် ။

" ဟူးဟူးလေး ! ! ! ! "

" ဟွန်း ! ! ! ! "

* တီ .. တီတီ .. တီတီ *

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now