FA:B [ 20 ]

6.2K 926 86
                                    

အလွမ်းဆေး​ရောင်​ခြယ်​ ။ ​မျှော်​လင့်​ချက်​မဲ့ခြင်း 
ဘောင်​ဖြင့်​ အနားကွက်​ထား​သော ရင်​အနင့်​ဆုံး
ပန်းချီကား ။ အမြင်​ပန်းလှပသ​လောက်​ နာကျင်
မှုမှာ မ​​ခေ ။

" ရား !  နီနီ "

" ဟင်​ "

ကုတင်​ထက်​ဝယ်​ပက်​လက်​​လေးလှဲကာ နား၌တပ်
ထား​သောနားကျပ်​လေးမှ တစ်​ဆင့်​ကြား​နေရ​သော
သီချင်း​လေးအားဘတ်​ခ်ဟွန်း​​မျက်​လုံး​လေးမှိတ်​ကာ
နား​ထောင်​​နေ​သော ဂျုံအင်​ရဲ့ အသစ်​ထွက်​ထား​တဲ့
Solo​ Album ထဲက title သီချင်း​အေး​အေး
လေးကို နား​ထောင်​လို့ အပြီး ။

တပ်​ထား​သော နားကျပ်​ကို တစ်​ဖက်​ဖြုတ်​ကာ သူ့
ဗိုက်​​ပေါ်တွင်​​ခေါင်းတင်​ကာ ကုတင်​​ပေါ်တွင်​ ကန့်
လန့်​ဖြတ်လှဲ​လျောင်းေ​​နသော ဂျုံအင်​ကို​ခေါ်လိုက်
တော့ သူ့အလား မျက်​လုံးလေးစုံမှိတ်​ကာ ပြန်​ထူး
လာ​သည်​ ။

" မင်း ဒီ​နေ့ဘာအချိန်​ဇယားမှမရှိဘူးလား "

" ဟင့်​အင်း မရှိဘူး .. ​ဒီ​နေ့က ငါ့နားရက်​ဆိုတာကို
မင်းမသိတာလည်းမဟုတ်​ဘဲနဲ့ ဟွန်းရာ  အလကား
လေအကုန်​ခံပြီး ​မေး​​ရတယ်​လို့​ "

မှိတ်​ထား​သော မျက်​ဝန်းတစ်​စုံကို ဖွင့်​ခြင်းမရှိ ။ သူ့
အ​မေးကိုပြန်​​ဖြေ​ပေး​သော ဂျုံအင်​ဆိုသည်​မှာ ဘယ်
လောက်​ပဲအလုပ်​များ​နေပါ​စေတစ်​ပတ်​တွင်​တစ်​ရက်
လောက်​ အပြည့်​အဝအနားယူတတ်ပြီး ။

ထို့အနား​ယူသည့်​ နေ့​လေးတွင်​ ​ဘတ်​ခ်​ဟွန်းဆီမှာ
အချိန်​ကုန်​ရင်​ကုန်​ ။ ဒါမှမဟုတ်​​ ​။ ဂျောင်​ဆူးရုံးပိတ်
ရက်​နှင့်​တိုက်​ဆိုင်​လို့သွားခဲ့လျှင်​  ​ဂျောင်​ဆူးနှင့်သာ
တစ်​​နေကုန်​ဒိတ်​ပြီး အချိန်​ကုန်​တတ်​​လေသည်​ ။

" ဒါဆိုလည်း ​ငါနဲ့ကုန်​တိုက်​ကို ခဏအ​ဖော်​လိုက်
ပေးမလား ? "

" ဟင်​ ! ကုန်​တိုက်​ကို ! မင်းဘာသွားလုပ်​မလို့လဲ
ဟွန်း "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now