FA:B [ 42 ]

6K 939 63
                                    

" ဟွန်းငယ် "

ဟစိလေးလုပ်ထားတဲ့အခန်းတံခါးကို အသာလေး
ပြန်ပိတ်လိုက်သည်နှင့်ကြားလိုက်ရတဲ့ခေါ်သံလေး ။

အိပ်ချင်မှုန်ဝါးနဲ့ကလေးငယ်လေးလို မပွင့်တပွင့်
မျက်လုံးလေး တစ်စုံကို လက်ချောင်းလေးတွေနဲ့
ပွတ်နေသော ကိုကို ။ ဗြောင်ဘတ်ခ်ဂဟူးတို့ရဲ့အ
ဖေလို့မပြောရဘူး ။ အကျင့်ကိုကတစ်ပုံစံတည်း ။

" Sorry အစ်ကို ချန်းယောလ် ကျွန်တော်ကြောင့်
နိုးသွား ... "

ပြီးဆုံးခွင့်မရတဲ့ စကားတို့ ။ နဖူးပြင်ပေါ် ရောက်
လာသော ကြီးမားသော ကိုကို့ လက်ဖဝါးကြောင့်
တဒိတ်ဒိတ်နဲ့ အစိုးမရတဲ့ ရင်ခုန်သံတွေ ။

ကျေးဇူးပြုပြီး ။ နက်နက်နဲနဲဒဏ်ရာတွေကိုရင်းပြီး
တားထားတဲ့စည်းအတွင်းမှာပဲ ငြိမ်သက်နေပေးလို့
မရဘူးလား ။

" အဖျားတော့ကျသွားပြီပဲ ဘယ်လိုနေသေးလဲ
ခေါင်းကိုက်သေးလား ဘာစားပြီးပြီလဲ "

" ဟင့်အင်း မကိုက်တော့ဘူး ဂျွန်လေးကို ဆန်ပြုတ်
နွေးပြီးလာပို့ခိုင်းထားတယ် .. ကျွန်တော့်ကြောင့်အစ်
ကိုချန်းယောလ်အလုပ်ပျက်စေမိတဲ့အတွက်ကျွန်တော်
တောင်းပန်ပါတယ်ပြီးတော့ ကျွန်တော့်ကို ပြုစုပေးလို့
ကျေးဇူးတင်ပါတယ် "

နဖူးပြင်ပေါ်ကရင်တစ်ဖိုကိုငလျင်လှုပ်စေသောကိုကို့
လက်တစ်ဖက်ကို ဖယ်ရှားလိုက်တော့ သိသိသာသာ
ပျက်သွားတဲ့ကိုကိုရဲ့ မျက်နှာ ။ အားနာပေမယ့် စိတ်
မကောင်းပါဘူး ကိုကို ။ ကျွန်တော် ထပ်ချစ်ရမှာကို
ကြောက်နေတုန်းမလို့ ။ ဒီအတိုင်း ခံစားချက်တွေမပါ
ပဲ အရင်ဆုံးနေကြည့်ကြရအောင် ။

* ဒေါက် ဒေါက် *

" အစ်ကိုလေးဗြောင် ဆန်ပြုတ်နွေးနွေးလေး ရပြီ "

အခန်းအပြင်ဘက်က ကြားရတဲ့  ဂျွန်လေးစကားသံ
ကြောင့်ဆွေးတမြေ့မြေ့ကိုကို့အကြည့်တွေကျွန်တော့်
မျက်နှာထက်က ရွေ့လျားသွားခဲ့သည် ။

ဂျွန်လေးလာပေးတဲ့ ဆန်ပြုတ်ပန်းကန်လေးကိုယူကာ
ကုတင်ဘေးသို့ တင်ပါးစောင်းလေး ဝင်ထိုင်လိုက်ပြီး
အခုချိန်ထိ အခန်းတံခါးအနားတွင် မတ်တပ်ရပ်နေမိ
သော ကျွန်တော့်အား ပြန်ကြည့်လျက် ...

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now