FA:B [ 38 ]

5.6K 932 28
                                    

" ကိုယ်ကသူ့ယောကျ်ား  ဟူးဟူးလေးရဲ့ဒယ်ဒီ
ပတ်ချန်းယောလ် "

တဖြေးဖြေး ကျယ်ပြန်သွားသော မျက်ဝန်းအိမ် ။

တဒိတ်ဒိတ်နဲ့နိုးထလာသောဝဲဘက်ရင်အုံထဲကအချိန်
အတိုင်းတာတစ်ခုထိအိပ်ပျော်နေသောမကောင်းဆိုးဝါး ။

နားထဲပြန်ကြားယောင်မိသော စကားသံတစ်ချို့ ။

• ဘယ်လောက်ပဲဖုံးကွယ်ထားပါစေ တစ်ချိန်ချိန်ကျရင်
တော့ အမှန်တရားတွေ အားလုံးက မပေါ်ချင်ဘဲပေါ်လာ
ခဲ့ရတာပဲ မဟုတ်လား •

• မင်းဘယ်လောက်ပဲ ဖုံးကွယ် ဖုံးကွယ် သွေးကတော့
စကားပြောတတ်တဲ့ ဘတ်ခ် •

ဟင့်အင်း အဲ့လိုမဖြစ်ရဘူး ။ မဖြစ်ရဘူး ။

သူတို့သားဖနှစ်ယောက်တည်းနေသားကျနေပြီလေ ။

သူတို့သားဖနှစ်ယောက်တည်းနေသားကျနေတဲ့အချိန်မှ
ဘာလို့များ ...

" အဟီး ... ဦးလေးကြီး ဟာသက ဘယ်ဆိုးလို့လဲ
အတော် ရယ်ရသားပဲ ဟားဟား "

ဦးလေးကြီးလို့ခေါ်ခံရလို့မျက်နှာပုတ်သိုးကာ ဆူပုတ်
နေတဲ့ ချန်းယောလ် ။ အမှန်တွေပြောပြနေသော်လည်း
အယုံအကြည်မရှိပဲ ဗိုက်နိပ်ကာ အော်ရယ်နေတဲ့ ထို
ကောင်မလေးကိုချန်းယောလ်အပါအဝင် ဘတ်ခ်ဟွန်း
ပါ မျက်တောင်လေး တခတ်ခတ်နဲ့ ကြောင်တောင်
တောင်လေး ရပ်ကြည့်မိသည် ။

" ရော့ ကလေးမ .. ဒါလေး ဖတ်ကြည့်လိုက်
မင်းပိုရယ်ရသွားလိမ့်မယ် "

ဒါယောင်းစစ်ပေးထားတဲ့ DNAစာရွက်လေးကိုအရယ်
လွန်နေတဲ့ကောင်မလေး မျက်နှာအရှေ့သို့ချန်းယောလ်
ကိုင်မြှောက်ပြလိုက်တော့ ရယ်သံလေးတွေ တိတ်ပြီး
မျက်နှာထက်ဝယ် အံ့သြမှုတို့ အထင်သား အယောင်
ဟပ်သွားရပေ ။

" ဟင့်အင်း မဖြစ်နိုင်တာ ပေါက်ကရတွေ ဦးလေးကြီး
လိမ်နေတာ ဘာလို့ အစ်ကို့က ဦးလေးကြီးနဲ့ ဘယ်လို
လုပ်ဖြစ်နိုင်မှာလဲ ဦးလေးကြီး ဟယ်ဝန်းကို ဂျင်းတွေ
လာမကျွေးနဲ့ အခုလို တိုးတတ်နေတဲ့ နည်းပညာခေတ်
ကြီးမှာ DNAလည်း အတုလုပ်လို့ရတယ် ဒီလို DNA
အတုနဲ့များ ဟယ်ဝန်းကို လိမ်လို့ရမယ်လို့များ ထင်နေ
တာလား ! အဟက် Sorryပဲ ဟယ်ဝန်းတို့က ဒါမျိုးတွေ
အယုံအကြည်မရှိဘူး "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now