FA:B [ 28 ]

6.9K 856 72
                                    

လိုက်ကာစလေးကို ကျော်ဖြတ်ကာ မျက်နှာပြင်ပေါ်သို့
လာရောက်ထိုးကျလာသော နေရောင်ခြည်လေးကြောင့်
ဘတ်ခ်ဟွန်း အိပ်စက်ရာမှနိုးလာခဲ့သည် ။

စုံမှိတ်ထားတဲ့ သူ့ မျက်ဝန်းလေးတစ်စုံကို ဖွင့်လိုက်သည်
နှင့် တွေ့လိုက်ရတဲ့ သူ့လက်လေးတစ်ဖက်ကို တင်းတင်း
ကြပ်ကြပ်လေးဆုပ်ကိုင်ထားပြီး သူ့ကုတင်ပေါ်တွင်ခေါင်း
လေးတင်၍ကြမ်းပြင်ပေါ်တွင်ထိုင်လျက်အိပ်ပျော်နေသော
သူမှာ တစ်ခြားသူမဟုတ် ။ သူ့ရဲ့ကိုကို ချန်းယောလ်သာ ။

" အဟိ "

လက်ညှိုးလေးဖြင့် ချန်းယောလ်မျက်နှာအစိတ်အပိုင်းလေး
တွေကို တိတ်တိတ်လေး ထိတွေ့ရင်း အသံသေးသေးလေး
ထွက်တဲ့အထိ  ရယ်လိုက်မိရင်း ချန်းယောလ်၏ ပါးလေးကို
ထိတွေ့နေမိသော သူ့လက်လေးမှာ  ရုတ်တရက် ဖမ်းချုပ်ခံ
လိုက်ရတာကြောင့် သူ့ကိုယ်လုံးလေး တစ်ချက် တုန်တက်
သွားသည်နှင့်တဖြေးဖြေးပွင့်လာခဲ့သောညှို့ဓာတ်ပြင်းသော
ချန်းယောလ်ရဲ့မျက်ဝန်းတစ်စုံ ။

" ကို .. ကိုကို !"

" ထိလို့ဝပြီလား "

" တောင်းပန်ပါတယ် ကိုကို "

အပြုံးမဲ့နေသော မျက်နှာသေနှင့် မေးလာသော
ချန်းယောလ်ကိုဘတ်ခ်ဟွန်းအပြစ်ရှိသလိုအလို
လိုခေါင်းငုံ့ကာတောင်းပန်စကားဆိုမိသည် ။

မပြောင်းလဲသေးတဲ့တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားတဲ့
လေထုလေး ။ ဒီလိုပါပဲ ။ ဘတ်ခ်ဟွန်းနှင့် ချန်းယောလ်
တို့နှစ်ယောက်အတူရှိပြီဆို ဘာစကားသံမှ မကြားရဘဲ
အမြဲတစ္ဆေ တိတ်ဆိတ်နေတတ်သည် ။

" ကိုကို ! "

ကုတင်ပေါ်မှကိုယ့်ဘာသာကိုယ်ထလို့မရနိုင်သော
ဘတ်ခ်ဟွန်း၏ကိုယ်လုံးလေးကို ချန်းယောလ် ဆွေ့
ခနဲကောက်ပွေ့ချီလိုက်တော့ အလန့်တကြားမျက်နှာ
ပေးလေးနှင့် သူ့လည်တိုင်လေးထက် လက်ကလေး
တစ်စုံဖြင့်ခိုတွဲလာကာ အသံသေးသေးထွက်လာသည် ။

" ကျွန်တော့်ကို အောက်ပြန်ချပေးပါ ကိုကို
ကျွန်တော် ဂျွန်လေးကိုပဲခေါ်ပြီးလုပ်ခိုင်းလိုက်ပါ့မယ်
ကျွန်တော့်ကြောင့် ကိုကိုအလုပ်ရှုပ်မခံပါနဲ့  "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Opowieści tętniące życiem. Odkryj je teraz