FA:B [ 05 ]

6.2K 898 76
                                    

" အိမ်​ပြန်​​ရောက်​ပါပြီ "

အိမ်​ပြန်​​ရောက်​ပြီဖြစ်​​ကြောင်းအသိ​ လှမ်း​ပေးလိုက်
သော်​လည်းယခင်​ကလိုသူအိမ်​ပြန်​​ရောက်​လို့ အသိ
ပေးလိုက်​​တာနှင့်​ သူ့ကိုအပြုံးတို့ဖြင့်​ ကြိုဆို​နေ​သော
အ​မေဖြစ်​သူအား မ​တွေ့ရ၍ မီးဖို​ချောင်​ထဲ​၌ ​တွေ့လို
တွေ့ငြား ဝင်​သွားလိုက်​​စဉ် ​ထင်​ထားတဲ့အတိုင်း သူ
ပြန်​လာတာကို​တောင်​ သတိမထားမိ​​လောက်​​အောင်​ 
မီးဖို​ချောင်​ထဲ အလုပ်​များ​​နေ​သော သူ့အ​မေ ။

ဆူပွတ်​​နေတဲ့ ဆန်​ပြုတ်​အိုးကို​ ကြွေဇွန်း​လေးဖြင့်
သာသာ​လေး​ ​မွှေ​ပေး​နေတာ​ကြောင့်​ ချန်းေ​​​ယာလ်
အ​မေးဆိုရန်​​ ​အမေးတစ်​ခုရလိုက်​​​သည်​ ။

" ​ဘယ်သူေ​နမ​ကောင်းလို့လဲ ​မေ​မေ "

" ​သြော်​​ သားကြီး​တောင်​ပြန်​လာပြီပဲ ဟူးဟူး​လေး
လေ သားငယ်နဲ့အတူခြံထဲမှာကစား​ပြီး အပူရှပ်​ပြီး
ဖျားသွားလို့ ​​​မေ​မေ ဟူးဟူး​လေးအတွက်ဆ​န်​ပြုတ်
ပြုတ်​​ပေး​နေတာ "

" အာ ..  "

" ဒါနဲ့ ​သားကြီးကို​ မေ​မေ​ပြောဖို့​ ​မေ့​နေတာ ​မေ​မေ
ဟူးဟူး​လေးကို သားကြီးရဲ့အခန်းထဲမှာ​ သိပ်​​ထား
တယ်​ ​သိလား "

" ​ဗျာ !  ​ပေါက်​ - ​ပေါက်​စက သူ့အိမ်​မှာသူမအိပ်​ဘဲ
ဘာလို့သားအခန်းထဲမှာလာအိပ်​ရတာလဲ  "

" ဒီ​နေ့ ညီမမင်​ရီတို့​​ ညီမနှစ်​​ယောက်​လုံး​က အိမ်​မှာ
မရှိကြဘူး သားကြီးရဲ့ မနက်​ကတည်းကအလုပ်​ကိစ္စ
နှင့် ​ဘူဆန်​ကိုသွားကြလို့​ မေ​မေ့ဆီမှာ ဟူးဟူး​လေး
ကို တစ်​ရက်​အပ်​ထားခဲ့တာ သားကြီးရဲ့  ​"

" ​ဟာ ! "

" နောက်​ပြီး သားကြီးအခန်းထဲမှာ ဟူးဟူး​လေးကို
မသိပ်​လို့ ​မေ​မေက ဟူးဟူး​လေးကို ဘယ်​မှာသွား
သိပ်​ရမှာလဲ သားညီ​လေး ​အခန်းက သိတဲ့အတိုင်း
ဘယ်​​လောက်​ရှင်းရှင်း မရှင်းနိုင်​တဲ့ ကြွက်​သိုက်​လို
ရှုပ်ပွ​နေလို့ အဲ့ဒါနဲ့ပဲ ​မေ​မေ သားအခန်းထဲမှာ သိပ်
ထားလိုက်​တယ်​ ဟူးဟူး​လေးက​ တော်​​တော်​​နေမ
ကောင်းဖြစ်​​နေတယ်သားကြီး အဲ့ဒါ​​ကြောင့်​​​ မေ​မေ့
အစား သားကြီးကပါ ဟူးဟူး​လေးကို နည်းနည်း
လောက်​ ပိုဂရုစိုက်​​ပေးပါဦး​​ "

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now