FA:B [ 34 ]

6.4K 932 134
                                    

အချစ် ! ။ နေပါစေတော့ ။ ဘဝမှာတစ်ယောက်တည်း
တစ်ဖက်သတ်ချည်းပဲချစ်ခဲ့ရမို့ ။ တန်ပြန်သက်ရောက်
မှုမရှိတဲ့အချစ်ကို ။ မလိုချင်တော့ဘူး ။ မတောင်းတချင်
တော့ဘူး ။ မချစ်ချင်တော့ဘူး ။

မဟုတ်ဘူး ။ မချစ်ရဲတော့တာ ။ နှလုံးသားကိုချစ်ကို
မချစ်ခိုင်းရဲတော့တာ ။

" အတန်းဖော် .. အတန်းဖော် အတန်းဖော် ! "

" ဟင် ! "

ခုံပေါ်ပါးအပ်အိပ်နေရာမှ နိုးသံတစ်ခုခုကြောင့် ဘတ်ခ်
ဟွန်းဖျတ်ခနဲလန့်နိုးလာခဲ့သည် ။

နိုးနိုးချင်းပင်တွေ့လိုက်ရသောရှင်းလင်း တိတ်ဆိတ်နေ
သော အတန်း ။ မနေ့ညကကုမ္ပဏီကပါလာတဲ့ အလုပ်
တွေကြောင့် ညဥ့်နက်မှအိပ်ခဲ့ရလို့ ။ ဘယ်လောက်အိပ်
အိပ် အိပ်လို့မဝနိုင်သည့် သစ္စာဖောက်မျက်လုံးကြောင့် ။
အတန်းစကတည်းက အိပ်ငိုက်နေတဲ့ မျက်လုံးကို မပြူး
ပြူးအောင် သူကြိုးစားပြူးထားနေရာမှ မရရအောင် အိပ်
ပျော်သွားခဲ့သည် ။

အခုတော့ သူ့ဘေးတွင်ထိုင်တဲ့အတန်းဖော်တစ်ယောက်
ရဲ့ အလိုက်တသိစိတ်ဓာတ်နှင့် လှုပ်နိုးပေးတာခံရပြီး နိုး
လာခဲ့ရပြီး စာသင်ချိန်အိပ်ပျော်သွားတဲ့အကျိုး၏ နောက်
ဆက်တွဲဖြစ်သော ပါမောက္ခ ဘာစာသင်လို့သင်သွားမှန်း
တောင်မသိဖြစ်ရပြီ ။

" အတန်းဖော်နိုးပြီဆိုရင် ကျွန်တော့်ကို သွားခွင့်ပြုပါဦး "

" အာ .. ဟုတ်ကဲ့ .. နိုးပေးလို့ကျေးဇူးတင်ပါတယ် "

သူ့ကျေးဇူးတင်စကားကိုခေါင်းတစ်ချက်ညိတ်၍အသိ
မှတ်ပြုပြီး အတန်းထဲမှ ထိုအတန်းဖော် ထွက်သွားခဲ့
သည်နှင့် အိပ်ချင်မပြေသေးသော မျက်လုံးတစ်စုံကို
လက်တစ်စုံဖြင့်တစ်ချက်ပွတ်ဆွဲပြီးဖွယောင်းနေသော
ရွှေအိုရောင် ဆံနွယ်လေးတို့အား  လက်ချောင်းလေး
တွေဖြင့်တစ်ချက်ထိုးဆွပြီးနောက်ခုံပေါ်တင်ထားသော
သူ့စာအုပ်တို့ကိုအမြန်သိမ်းဆည်းကာ နောက်ဆုံးသူ
တစ်ယောက်တည်းကျန်ရှိနေသောအတန်းထဲကနေ
ခပ်သွက်သွက်လေးထထွက်လာခဲ့သည် ။

" ဟီးဟီး စီနီယာ အယ် .. မှားလို့ ပါမောက္ခအို "

မနက်ကအတန်းထဲတွင်အိပ်ပျော်သွားလို့ လွတ်သွားတဲ့
စာတို့ကိုသင်ပြသွားသော ပါမောက္ခအိုဆယ်ဟွန်းဆီသို့
အလျင်ပြေးသွားခဲ့ပြီးသူလုပ်ပြနေကျအတိုင်းသွားညီညီ
လေးတွေ စီစီရီရီပေါ်သည်အထိပြုံးပြပြီး ဆယ်ဟွန်းကို
စာတွေလာမေးနေသော ဘတ်ခ်ဟွန်းရယ်ပါလေ ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now