FA:B [ 22 ]

7.8K 945 64
                                    


အချစ်ဆိုတာ ပေးဆပ်ခြင်းလား ? ။
ရယူခြင်းလား ? ။

အချစ်ဆိုတဲ့ ရသကိုတကယ်ခံစားတတ်ပြီး
ချစ်တတ်ပြီဆိုရင် စကားလုံးတွေ မလိုပါဘူး ။

ရင်တွင်းဖြစ်ပေါ်တဲ့ နှလုံးသားရဲ့ခံစားချက်
အစစ်အမှန်ကိုသိနိုင်ဖို့ပဲလိုတယ် ။

" ကျေးဇူးတင်ပါတယ် ညီမလေးရယ် မမတို့
မိသားစုကို အခုလိုကူညီပေးလို့ မမ ညီမလေး
ကို ကျေးဇူးအရမ်းတင်ပါတယ် "

" ရပါတယ် မမယွန်းရယ် ... မလိုပါဘူး ညီအစ်မ
အချင်းချင်းတွေပဲ ကျေးဇူးတင်စကားတွေပြော
နေဖို့မလိုပါဘူး "

ဘတ်ခ်ဟွန်း၏မိခင် ဗြောင်မင်ရီရဲ့ လက်ကလေး
တစ်စုံကို ဆုပ်ကိုင်ပြီး ချန်းယောလ်၏မိခင်ဖြစ်သူ
ပတ်ယွန်းအာမှာကျေးဇူးတင်စကားတို့ကိုသာအ
ထပ်ထပ်ပြောနေရှာမိသည် ။

အမှတ်မထင်အရှုံးပေါ်နေသော ကုမ္ပဏီ၏ ဘယ်သူ
မှမကူညီချင်သည့် ဒေဝါလီခံရမယ့် အရေးကိုရှယ်
ယာတွေ အများအပြားဝယ်ပေးပြီး ပြန်ကယ်တင်ပေး
သော ဘတ်ခ်ဟွန်း၏မိခင်ဗြောင်မင်ရီအား သူမပြော
မပြတတ်အောင်ပင် ကျေးဇူးတွေသာတင်နေမိသည် ။

ခင်ပွန်းဖြစ်သူလေဖြန်းသွားပြီးတဲ့ အချိန်ကစပြီး
တစ်နေ့ တစ်နေ့ စိတ်ဖိစီးမှုတွေ များလာရသော
သူမမှာသားအကြီးဖြစ်သူချန်းယောလ်ကို ကုမ္ပဏီ
ကိုအပ်၍ ဦးစီးဦးဆောင်ပြုခိုင်းပြီးခင်ပွန်းဖြစ်သူ
နေအမြန်ပြန်ကောင်းလာအောင်အနားမှတစ်ဖဝါး
မှမခွာ ပြုစုပေးမိသည် ။

မမျှော်လင့်ထားသောမထင်မှတ်ထားတဲ့ ကုမ္ပဏီ
အရှူံးပေါ်မှုကြောင့်ကံဆိုးမိုးမှောက်ကျလို့နှစ်အစ
ကတည်းက ကံဆိုးခြင်းများစွာကျရောက်လာသော
သူမတို့မိသားစုကြီး၏ အားကိုးစရာ ဘိုးဘွားမိဘ
ပိုင် ကုမ္ပဏီကြီးကို ဆုံးရှူံးရတော့မယ်လို့ သိလိုက်
ရတဲ့အချိန် ။ သူမ၏တင်းခံထားခဲ့သော စိတ်ဓာတ်
တို့မှာအကြီးအကျယ်ကျဆင်းသွားခဲ့ရသည် ။

သို့သော်လည်း တစ်ဖက်သားကို စာနာတတ်သော
စိတ်ထားတို့ဖြင့် ကူညီပေးသော ဟူးဟူးလေးရဲ့
မိခင်ဗြောင်မင်ရီအားသူမ စိတ်ထဲကြိတ်လေးစား
မိသည် ။

|| FLY AWAY : BEAUTIFUL ||《COMPLETED》 Where stories live. Discover now