အပိုင်း ၁ ( ပြန်လည်ရောက်ရှိလာခြင်း)
"အင်း...ဒါဆိုမနက်ဖြန် ညနေဘက်လောက်တော့ပြန်ရောက်မှာပေါ့နော်။ "
"အင်းပါ။ သိပါတယ်။ "
*တီ.........*
"အိုက်ယား....တယောက်တည်းနေရတာ နှစ်ရက်ရှိပြီ။ ပျင်းလိုက်တာ။"
အန်းလုက သူ၏လက်ကိုင်ဖုန်းအား စားပွဲဝိုင်းလေးတစ်ခုပေါ်တွင် တင်လိုက်ပြီး မတ်တပ်ရပ်ကာ ပျင်းကြောဆန့်လိုက်သည်။
ချီရှန်းက ရှန်ဟိုင်းသို့ အစည်းအဝေးတစ်ခုရှိသဖြင့် ခတ္တသွားရသောကြောင့် အန်းလုတယောက်တည်း အိမ်တွင် နေခဲ့ခြင်းပင်။
အစက အတူသွားရန်ပြင်ဆင်ထားသော်လည်း လက်တလော ရာသီဥတုသတိပေးအခြေအနေကြောင့် ပို၍စိတ်ချစေရန် ပေကျင်းတွင်သာကျန်နေခဲ့စေသည်။
အန်းလုက မတ်တပ်ရပ်နေရင်းပင် အပြင်ဘက်သို့လှမ်းကြည့်လိုက်သည်။ ကော်ဖီဆိုင်လေး၏ အပြင်ဘက်တွင်ခြမ်းတွင် မိုးများကသည်းထန်စွာရွာသွန်းနေကြသည်။
"မုန်တိုင်းသတိပေးရှိလို့သာပေါ့။ မဟုတ်ရင်ငါ.ပါလိုက်ရမှာ။ အခုတော့ ချစ်ချစ်ကိုပဲ ထိုင်လွမ်းနေရုံကလွဲပြီးလုပ်စရာကမရှိ။ မိုးကလည်းသည်း......ဝယ်သူကလည်းတယောက်မှမရှိ။ ဟူး....."
အန်းလုက ခုံတွင်ပြန်ထိုင်လိုက်ပြီး စားပွဲထက်၌မေးထောက်ကာ အပြင်ဘက်သို့ပြန်ငေးနေလိုက်သည်။ တခဏကြာတော့ အန်းလုကတစ်ခုခုကိုသတိရမိသွားပုံဖြင့် လက်ဖျောက်တစ်ချက်တီးလိုက်သည်။
"အာ...သိပြီ။ ဒီလိုမိုးအေးအေးလေးနဲ့ ခေါက်ဆွဲပြုတ်....။ Ok..ဆိုင်ပိတ်ပြီး.အိမ်ပြန်ကြတာပေါ့။"
............................
YOU ARE READING
LOVE, BUT HURT (Season 3)_ The Last Begin_[Completed]
Historical Fictionကမ္ဘာနှစ်ခုရဲ့ဝဲဂယက်မှာ လည်ပတ်နေလည်း ကိုယ်တို့နှစ်ယောက်ကြားက အချစ်ကတော့ အမြဲတမ်း စစ်မှန်နေအုန်းမှာပဲ။ "အန်းလု.....ဒီစကားလုံးတွေက အထပ်ထပ်အခါခါဖြစ်ပြီး ရိုးရှင်းနေလောက်ပေမဲ့ ကိုယ်မင်းကိုချစ်တယ်" Hello! This is Season 3 of Love, But Hurt Fiction and n...