Part 46 ( ဆွဲကြိုးလေးရဲ့ပိုင်ရှင်က မင်းလေ)

1.5K 264 7
                                    

အပိုင်း ၄၆ ( ဆွဲကြိုးလေးရဲ့ပိုင်ရှင်က မင်းလေ)

" ဆို​တော့ သူ့ဘက်ကဘာတုန့်ပြန်မှုကိုမှမပေးဘူးပေါ့။ သတိမရသေးတာလား။"

" ချိုက်အန်းဘက်ကဘာမှကို လှုပ်ရှားမှုမရှိတာပါ။"

"......."

ရှန်ဖန်းက ဤထူးဆန်းသောအခြေအနေအားတွေးကြည့်နေသည်။ လီချီရှန်းက ဤအချိန်လောက်သတိရသင့်နေချေပြီ။ အဘယ်ကြောင့် ကိစ္စများကမိမိတွေးထင်ထားသလိုဖြစ်မလာသေးရသနည်း။ စစ်ကြေညာသည့်စာလွှာသည်လည်း ယခုအချိန်ဆိုလျင်တုံ့ပြန်မှုကိုရသင့်နေချေပြီ။ သိူ့သော်လည်း ယခုအခြေအနေသည်ကိုအလွန်ကိုပင် ငြိမ်နေလွန်းသည်။

" ဒါဆိုထူးခြားတာတစ်ခုခုရှိရင် ငါ့ကိုအကြောင်းကြား။ အခုသွားတော့။"

" အမိန့်အတိုင်းပါ သခင်ရှန်"

ဝူနန်နယ်စားသည် ရှန်ဖန်းအခန်းထဲမှထွက်သွားလေ၏။ ရှန်ဖန်းက စားပွဲပေါ်တွင်လက်နှစ်ဖက်ကိုတပြိုင်နက်တည်းရိုက်ချလိုက်သည်။

" ဘာလို့အချိန်မကျသေးတာလဲ။....နေအုန်း..."

ရှန်ဖန်းက ရုတ်တရက်သတိရလိုက်ပြီး သူ၏ရင်ဘတ်ဝတ်ရုံထဲတွင်ရှိသော ရွှေရောင်အထုပ်အသေးလားအားဆွဲထုတ်လိုက်သည်။ ရွှေရောင်အမှုန်လေးများပုံစံနှင့်ဆင်တူလှစွာပင် ထိုအမှုန်လေးများသည် ဝင်းလဲ့နေကာ အငွေ့ပျံနေကြ၏။ ရှန်ဖန်း၏ မျက်ဝန်းတို့ကပြူးကျယ်လာသည်။

" မဟုတ်တာ။ မဟုတ်ဘူး။ ရှန်ကျိနတ်သမီး...က

ရှန်ကျိနတ်သမီးက ဝိညာည်အပိုင်းအစတွေပြန့်လွင့်ကုန်ပြီလား။"

သူလက်ထဲတွင်ကိုင်ကာထားသော ထိုအိတ်လေးထဲမှ ရွှေမှုန်သဏ္ဍာန်အရောင်တောက်ပနေသောအရာလေးများသည် တဖြည်းဖြည်းချင်း အိတ်အတွင်းမှထိုးဖောက်ကာအ​ပြင်သို့ထွက်ကာသွားကြပြီး လေပေါ်တွင် အနှံပျံလွင့်နေကြသည်။

ရှန်ဖန်းက ထိုအမှုန်လေးများကိုဖမ်းဆုပ်ရန်ကြိုးစားနေကြသည်။

" ပြန်လာခဲ့....ပြန်လာခဲ့ကြ။"

ရှန်ဖန်းသည် သူ၏စွမ်းအားတို့ကိုသုံးလျက်ပင် ဖမ်းဆုပ်ရန်ကြိုးစားနေသော်လည်း ထိုအရာများက တဖြည်းဖြည်းချင်းသာ ပျောက်ကွယ်သွားကြပြီဖြစ်သည်။ ရှန်ဖန်းက ကြမ်းပြင်ထွက်တွင် ငုတ်တုတ်ထိုင်ကျလိုက်သည်။ သူ၏မျက်နှာသည် ဝမ်းနည်းသည့်အရိပ်အယောင်တို့ဖြင့် ရစ်သန်းနေကြ၏။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now