Part 24 ( အပေးအယူ)

3.7K 592 33
                                    

အပိုင်း ၂၄ ( အပေးအယူ)

"ခင်ဗျား..ခင်ဗျားက......

ဒါက.....ကျွန်တော် တို့ကိုပြန်ခေါ်လိုက်တဲ့သူ ခင်ဗျားလို့ဆိုလိုတာလား။"

အန်းလု၏ တအံ့တသြမေးလိုက်သော အမေးကြောင့် ထိုလူက ခေါင်းကိုငြိမ့်ပြကာ ဖြေသည်။

"အင်း ဟုတ်တယ်။"

"ဘာလို့လဲ။ ကျွန်တော်တို့ကိုဘာလို့ ပြန်ခေါ်လိုက်တာလဲ။"

အန်းလုက ရှေ့သို့ပင် တလှမ်းတိုးမိကာ ထိုလူကိုပြန်မေးသည်။ ဖြစ်ပျက်သမျှကိစ္စတိုင်းကို သူအဖြေရှာနေခဲ့သည်မှာ ကြာချေပြီ။ ယခုတွင်တော့ သက်ဆိုင်ည့်လူက သူ့ရှေ့တွင် ရောက်ရှိနေပြီမို့ သူအလျင်လိုနေမိသည်။ လီချီရှန်းသည်သည ဘ၀တစ်ခုဖြစ်ပြီး ချီရှန်းသည်လည်းသူနှင့်အတူရှိနေပြီဖြစ်ကာ ပြည့်စုံနေပြီးသား မိမိတို့ကမ္ဘာလေးအား ထိုလူကအဘယ်ကြောင့်များ ထပ်မံကာ ကမောက်ကမဖြစ်စေရသနည်း။

"မင်းရဲ့ အကူအညီကိုလိုအပ်လို့။"

ထိုလူက သက်ပြင်းတစ်ချက်ချရင်းဖြေသည်။

"အကူအညီ...."

အန်းလုက ခပ်တိုးတိုးရေရွတ်တော့ ထိုလူက အန်းလု၏ ဘယ်ဘက်ပုခုံးအားလှမ်းပုတ်လိုက်ရင်းဆိုသည်။

"မပူပါနဲ့။ မင်းရဲ့အကူအညီဆိုတာထက် မင်းနဲ့အပေးအယူလူပ်မှာပါ။

ငါကလည်းမင်းကိုပြန်ကူညီပေးမှာပါ။ အရာအားလုံးကို မျှတအောင်လုပ်ပေးမယ်"

အန်းလုက မျက်မှောင်ကြုတ်လိုက်သည်။

အစဦး သူတို့ကိုဆင့်ခေါ်တုန်းကရော မျှတမှုရှိရှိ သူတို့ကိုဆင့်ခေါ်ခံချင်လား မေးခဲ့လို့လား။

သို့သော်လည်း အကြောင်းစုံကို ထိုလူဆီက သိချင်သေးတာမို့ သူထိုစကားတွေကိုတော့ မြိုသိပ်ထားလိုက်ပါသည်။ ထိုသူ၏ပုံစံက အန္တာရာယ်ရှိသည့်ပုံစံမျိုးမပေါ်သော်လည်း သူကထူးဆန်းသည့်ပုံစံမျိုးတော့ ဖြစ်နေ၏။ အန်းလုက မေးသည်။

"ဘယ်လိုမျိုးလဲ။ ကျွန်တော်က အခုအကူအညီလိုနေတဲ့လူမျိုးမှမဟုတ်တာ။ ကျွန်တော့်မှာ ရှိသင့်တဲ့အရာမှန်သမျှ ရှိနေတယ်လေ။ "

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now