Part 36* (ကိုယ့်အချစ်ကို ယုံကြည်ပါ)

2.2K 346 21
                                    

အပိုင်း ၃၆ ( ကိုယ့်အချစ်ကို ယုံကြည်ပါ)

" အရှင်....ကျွန်တော်မျိုး..ရှောင်ရှင်းပါ။"

" ဝင်လာခဲ့လိုက်။"

အပြင်မှ ခပ်သွက်သွက်ဝင်ကာလာသော ရှောင်ရှင်းက စာကြည့်ခန်းတွင် ထိုင်ကာနေသောချီရှန်းအား အမြန်ဂါရဝပြုလိုက်ပြီး စကားစသည်။ ခရီးအပြေးနှင်ကာလာပြီး အတော်ပင်မောပန်းနေသော်လည်း အားတင်းထားပုံပင်။

" အရှင်....ကိုယ်လုပ်တော်လုက..."

ချီရှန်းက ရှောင်ရှင်းကို လှမ်းကာကြည့်လိုက်သည်။ချက်ချင်းပင် မျက်လွှာကိုပြန်ချလိုက်၏။ သူ၏လက်ထဲတွင် တစ်စုံတစ်ခုကိုကိုင်ကာထားသည်။

" မင်း.... ကြားပြီးပြီပေါ့။"

ရှောင်ရှင်းက ချက်ချင်းပင် ကိုယ်ကိုကိုင်းကာ ဂါရ၀ပြုလျက် ဖြေကြားသည်။

" မှန်လှပါ...အားလော့ဆီက အကြောင်းစုံသိသိချင်း ကျွန်တော်လာခဲ့တာပါ။ ပြန်ရောက်ရောက်ချင်း သူမကိုနန်းတော် တံခါးဝမှာတွေ့ခဲ့တာမလို့။

တကယ်ပဲ....တကယ်ပဲလား။"

ချီရှန်းကသူ၏လက်နှစ်ဖက်ဖြင့် ဆံထိုး၏အစွန်းတစ်ဖက်စီအား ကိုင်ကာတဖြည်းဖြည်းချင်းလှည့်နေသည်။ ရုတ်တရက် ရှောင်ရှင်းကိုပြန်ကြည့်လိုက်ရင်း

" ခဏအနားယူလိုက်ပြီး ညနေကျရင် ငါ့ကိုလာတွေ့။ ငါတို့မှာ လုပ်စရာတွေအများကြီးရှိလိမ့်မယ်။"

"......."

ရှောင်ရှင်းက ချီရှန်း၏စကားကြောင့် တခဏမျှရပ်တန့်နေမိသည်။ သိူ့သော်လည်း သူကချက်ချင်းပင် ဂါရဝပြုလိုက်လေ၏။

" အမိန့်အတိုင်းပါ။ ကျွန်တော်မျိုး ညနေစောင်းရင် အရှင့်ကိုလာတွေ့ပါ့မယ်။"

ရှောင်ရှင်းထွက်သွားပြီးတဲ့နောက်မှာ ချီရှန်းက လက်ထဲရှိဆံထိုးကို သေချာစွာမြှောက်ကြည့်နေသည်။ ဆံထိုး၏ကိုယ်ထည်သည် ရွေရောင်အတိပြီးကာ ထိပ်ဆုံးနားတွင် ပတ္တမြားအလုံးလေးများကို အသေး၊အကြီး အစုံအလင်ဖြင့် စီခြယ်ကာထားသည်။ သူ၏ဘေးပတ်ပတ်လည်တွင် တိမ်ပုံသဏ္ဍာန်အကွေးအခတ်လေးများကို ပတ်ကာစီထား၏။ ထိုဆံထိုးက ချီရှန်း၏မိခင်ပိုင်ဆိုင်သောအရာဖြစ်ပြီး မနေ့ညကအန်းလုဆိုလိုသော ဆံထိုးဖြစ်မည်မှာသေချာသလောက်ရှိသည်။ ချီရှန်းက မိုးမလင်းခင်တွင်ပင် တော်ဝင်သင်္ချိုင်းဂူဆီသို့ သွားကာ မယ်တော်ဖြစ်သူ၏ခေါင်းတလားထဲမှယူလာခဲ့ခြင်းဖြစ်သည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now