Part 12 ( ကျင့်ယိချန်နှင့် တွေ့ဆုံခြင်း )

5.3K 767 28
                                    

အပိုင်း ၁၂ ( ကျင့်ယိချန်နှင့် တွေ့ဆုံခြင်း)

ကျင့်ချီက အန်းလုကိုနန်းတော်နှင့် အတော်ခပ်လှမ်းလှမ်းနေရာရှိ အိမ်တော်အသေးစားလေးတစ်ခုဆီသို့ ခေါ်လာခဲ့သည်။ မီးရောင်မှိန်ပြပြတို့သည် ထိုအိမ်တော်လေး၏ နေရာအနှံ့တွင်ထွန်းလင်းကာ ခြံ၀င်းမှာ သိပ်မကျယ်တာကြောင့် အိမ်တော်ကိုကောင်းစွာ ထိန်လင်းစေသည်။ တံခါးမတွင်တော့ အစောင့်နှစ်ယောက်က စောင့်ကြပ်လျက်ရှိသည်။

အန်းလုတို့ ထိုအပေါက်ဝရှေ့ကိုရောက်လေတော့ မြင်းကိုရပ်လိုက်ကြပြီး မြင်းကိုယ်စီပေါ်မှ ဆင်းလိုက်ကြသည်။ အန်းလုကထိုအိမ်တော်အား ငေးကြည့်မိနေဆဲပင်။ ကျင့်ချီက သူ့အနားသိူ့ပြေးလာသော အိမ်ရှေ့တံခါးအပေါက်ဝရှိ အစောင့်နှစ်ယောက်အား မြင်းနှစ်ကောင်၏ ဇာတ်ကြိုးများအားလွှဲပေးပြီး မြင်းများကိုဆွဲသွားစေလိုက်သည်။

"အန်းလု...."

ကျင့်ချီက အန်းလုဘေးတွင်ရပ်ကာ အန်းလုအားခေါ်လိုက်သည်။

"ဟမ်..."

ထိူအခါမှ အန်းလုကလျှောက်ငေးနေသည်ကို ရပ်တန့်လိုက်ပြီး ကျင့်ချီကိုကြည့်ကာ မေးမော့ပြလိုက်သည်။ ကျင့်ချီက တံခါးမကြီးအား အသာတွန်းဖွင့်လိုက်ပြီးနောက် အန်းလုကိုအထဲသို့ဝင်ရန် လမ်းပြလိုက်သည်။

"အထဲကိုကြွပါ။"

"အင်း.........ကောင်းပြီ။"

အန်းလုက ပွင့်ဟနေသော တံခါးပေါက်မှနေ၍ အိမ်တော်၀င်းကို တချက်ကြည့်မိသည်။ ပြီးမှသာ တံခါးဘောင်အားကျော်ကာ အထဲသို့ဝင်လိုက်သည်။ ဆယ်ပေခန့်အကွာအ၀ေးလောက် လျှောက်လှမ်းလာပြီးတဲ့နောက် အိမ်တော်ရဲ့ ဧည့်ခန်းမသို့ သူတို့ရောက်ရှိလာကြသည်။ အိမ်တော်က အပြင်ဘက်မှကြည့်လျင် သာမာန်လောက်ဟု ထင်ရသော်လည်း ထင်တာထက်ပိုကျယ်ဝန်းနေပြီး ကြည့်ပျော်ရှုပျော်လည်းရှိသည်။

မီးအိမ်လေးများကို နေရာတိုင်းတွင် ထွန်းကာထားသည်။ ညအချိန်မလို့သာဟု ဆိုရသော်လည်း ဤနေရာက အလင်းရောင်ကိုပိုသုံးထားသည်ဟုထင်မိသည်။ အန်းလုက တွေးနေစဥ်မှာပင် ကျင့်ချီကဆိုသည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now