Part 9 (မင်းအနားမှာပဲ ရှိနေပေးမယ်)

6.4K 953 81
                                    

အပိုင်း ၉ ( မင်းအနားမှာပဲ ရှိနေပေးမယ်)

"မင်း..ဘယ်သူလဲ။"

အံသြမှုအပြည့်နှင့် ခပ်သြသြအသံတစ်ခုကပေါ်ထွက်ကာလာလေသည်။ မှိန်ပြပြမီးရောင်၏ ရောင်ပြန်ဟပ်မှုက အန်းလု၏ ပါးပြင်ပေါ်ရှိ မျက်ရည်စများကိုပင် အရောင်တောက်ကာ လင်းလက်စေ၏။

ချီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး အန်းလုကိုသေချာကြည့်နေသည်။ ချီရှန်း၏ နှဖူးပြင်နှင့် နားထင်နားတစ်ဝိုက်တွင် ချွေးစေးများ စီးကျနေလေ၏။ အန်းလု၏ ကျန်လက်တစ်ဖက်က ထိုချွေးများကို သူ၏လက်ဝတ်ရုံစဖြင့်သုတ်ပေးရန် မသိလိုက်ခင်တွင်ပဲ လှမ်းလိုက်မိသည်။

အန်းလု၏ ကျန်လက်တစ်ဖက်ကိုမူ ချီရှန်းက ပို၍ခပ်တင်းတင်းဆုပ်ကိုင်ပစ်လိုက်လေ၏။

"အ့...."

အန်းလုက အနည်းငယ်နာသွားတာကြောင့် အော်လိုက်သည်။ ချီရှန်းကစိတ်မရှည်သည့် လေသံဖြင့် ထပ်မေးလေ၏။

"မင်းဘယ်သူလဲလို့ ငါမေးနေတယ်လေ။ ဘာလို့ဒီနေရာကို ရောက်နေရတာလဲ။"

ချီရှန်း ပြောလိုက်ပြီးနောက် အန်းလု၏ လက်နှစ်ဖက်စလုံးကို ခပ်ပြင်းပြင်း တွန်းထုတ်ကာလွှတ်ပေးလိုက်သည်။ အန်းလု၏ခန္တာကိုယ်သည် ကုတင်နှင့် အနည်းငယ်အကွာတွင် ပုံလျက်ကျလေ၏။ ချီရှန်းက ချက်ချင်း ကုတင်ပေါ်မှ ကောက်ထလိုက်ပြီး အန်းလုကို ကျောပေးလိုက်သည်။ ခန့်ညားထည်ဝါသော အရှိန်အဝါက ကျောပြင်ကျယ်ကြီးအား ကြည့်ရုံနှင့်ပင် ခံစားရနိုင်သည်။

ချီရှန်းက လက်နှစ်ဖက်ကိုနောက်ပစ်လျက်ပင် ခေါင်းငုံ့ကာတစ်ချက်ရီလိုက်သည်။ သူ၏ အသံကတစ်ခုခုကိုသဘောပေါက်သွားပုံပေါ်သည်။

"ဟား....ဘာလဲ။ ငါ့ကိုဆွဲဆောင်ဖို့လာတာလား။"

ချီရှန်းက အန်းလုဘက်သို့ပြန်လှည့်လာပြီး လဲကျနေသော အန်းလုရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ အန်းလု၏ မေးရိုးအား ဆွဲကိုင်ကာညှစ်လိုက်ရင်း

"မင်းသိလား။ ငါကယောက်ျားလေးတွေကိုလေ မင်းလိုချောချော၊ လှလှ ၊ ချစ်စရာကောင်းတိုင်းကြိုက်တာမဟူတ်ဘူး။ ငါက သူဖြစ်နေလို့ကိုကြိုက်တာ။ ငါကသူ့ကိုချစ်တာ။ ရုပ်လှပြီးနူးညံ့တဲ့ယောက်ျားမလို့ ကြိုက်တာမဟုတ်ဘူး။ မင်းကိုဘယ်သူက ဒါမျိုးတွေလုပ်ဖို့လွှတ်လိုက်လည်းမသိပေမဲ့ ဘာမှပြောင်းလဲသွားမှာ မဟုတ်ဘူး၊ ဒါ့ကြောင့် မင်းအတွေးတွေကို ရပ်တန်းကနေရပ်လိုက်။"

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now