Part 8 ( မင်း..ဘယ်သူလဲ)

6.9K 918 109
                                    

အပိုင်း ၈ (မင်း..ဘယ်သူလဲ)

"အ့.....အားရိုး..နာတယ်ဟ"

ဝူရှဲ့အဆောင်၏ အပြင်ဘက်တွင် ရဲမက်နှစ်ယောက်က အန်းလုအား ပစ်ချလိုက်ပြီး တံခါးမကြီးကိုပိတ်ချပစ်လိုက်သည်။

အန်းလုက ပြန်မထသေးပဲ ခြေနှစ်ဖက်ကို ဆင်းကာ ကန်ကျောက်နေရင်း အော်ဟစ်နေပြန်သည်။

"ငါ့ကိုနှင်ထုတ်တယ်ပေါ့။ ဟုတ်လား။ ငါ့ကိုနှင်ထုတ်တယ်ပေါ့လေ။ မင်းတို့က… ..ငါ့ကိုဘာထင်နေလဲ..ဟမ်…ငါကလေ….”

"သွားရအောင်။ "

တစ်စုံတစ်ယောက်၏ အသံကြောင့် အော်ဟစ်လတ်စကိုရပ်တန့်လိုက်ရပြီး အန်းလုက မော့ကြည့်လာသည်။ ကျင့်ချီက သူ့အားလက်ကမ်းပေးနေလေ၏။ အန်းလုက သေချာစွာကြည့်နေရင်း ထိုလက်ကို လှမ်းကိုင်လိုက်သည်။ ထို့နောက် အန်းလု၏အသံက လုံးဝပင် တိတ်ဆိတ်ကာသွား၏။ သူမည်သည့်အသံမျှ ထပ်မထွက်ရဲတော့ချေ။

အဆောင်ကိုပြန်ရောက်လေတော့ ကျင့်ချီက မတ်တပ်ရပ်ကာ ဟိုလျောက်သည်လျောက်လုပ်နေလေသည်။ အန်းလုကမူ စားပွဲဘေးရှိ ထိုင်ခုံပေါ်တွင် ထိုင်လျက် စားပွဲအား လက်သီးဖြင့် ခပ်ဖွဖွထုနေလေသည်။ တခဏကြာတော့ ကျင့်ချီကပင် စကားစလာသည်။

"ကျွန်တော်အစက မပြောပဲနေမလို့ပဲ။ အခုလိုဖြစ်လာတော့ ပြောမှဖြစ်တော့မယ်။"

အန်းလုက ကျင့်ချီကို ကြည့်လိုက်သည်။ ​ကျင့်ချီကလည်း သူ့ကိုပြန်ကြည့်လိုက်ပြီး ဆက်ပြောလေသည်။

"အခု မင်းသားလေးက မေ့မြောနေတဲ့အခြေအနေမှာရှိနေတယ်။ အဲ့တာကလည်း ဒီကိုလာတဲ့လမ်းမှာ လုပ်ကြံခံရတာမလို့။ တစ်ချို့သော လူတွေက ချိုက်အန်းနဲ့ လူတစ်ယောက်ကိုစတေးပြီး ပြေလည်မှုယူတာကိုမကြိုက်တဲ့သူတွေရှိတာမလို့ လမ်းတစ်ခုလတ်မှာ လုပ်ကြံခံခဲ့ရတယ်။ ဓားထိပြီး မေ့မြောနေတာ အသက်အန္တာရာယ်ကလည်းအချိန်မရွေးရှိလာနိုင်တာမလို့ ဒီကိစ္စက လျှို့ဝှက်ထားမှဖြစ်မှာ။ သတိမရသေးတာလဲ အခုချိန်အထိပဲ။ အဲ့ဒီမြို့မှာ ကျွန်တော်တို့ ခဏပုန်းပြီး ဆေးကုနေခဲ့ကြတာ။ နောက်ဆုံးမှာ ဘုရင်ကိုအလုံးစံလျောက်တင်ပြီး ပြသ်ဒဏ်ခံယူလိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်တဒင်္ဂမှာပဲ  ကျွန်တော် အန်းလုကို ကျွန်ကုန်သည်တွေဆီမှာတွေ့တော့ တကယ်အံသြသွားခဲ့တယ်။ "

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now