Part 22 ( ၀န်ခံခြင်း)

3.7K 601 29
                                    

အပိုင်း ၂၂ ( ၀န်ခံခြင်း)

"ဒါက ဘယ်လိုဖြစ်ရတာလဲ ဝူနန်နယ်စား။"

"ဟုတ်တယ်။ ကျွန်တော်တိူ့ကို ဘာလို့ ဘုရင်လီချီရှန်း လာမယ်ဆိုတဲ့အကြောင်းကို အသိမပေးရတာလဲ။

အကယ်၍သာတစ်ခုခုမှားယွင်းသွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ နယ်စား တွေအားလုံးကို မနက်ဖြန်အားလုံးစုံလင်ပြီးတဲ့နောက်မှ အစည်းအဝေးကိုစတင်ဖို့ ဆုံးဖြတ်ထားလို့သာပေါ့....... မဟုတ်ရင်တော့"

* ဘုန်း *

"တိတ်ကြစမ်း။"

အတော်အသင့်ရှည်လျားသည့် ထောင့်မှန်စတုဂံပုံစံ စားပွဲရှည်၏ ပတ်ပတ်လည်တွင် အခြားသော နယ်စားများ၊ ဘုရင်ခံများနေရာယူထားကြသည်။ သူတို့၏ အလည်တွင် ဝူနန်နယ်စားက မတ်တပ်ရပ်နေရင်း ၎င်းတို့၏တယောက်။တမျိုးသော စကားများကို နားမခံသာတော့သဖြင့် စားပွဲအား လက်သီးဆုပ်ကာ ထုချလိုက်သည်။

တစ်ယောက်တစ်မျိုး အသံစုံမြည်အောင်ထွက်နေကြသော စကားဝိုင်းကြီးသည် ချက်ချင်းပင် တိတ်ဆိတ်ကာသွားလေ၏။ ဝူနန်နယ်စားက ညာဘက် အစွန်းမရောက်ခင်နားလောက်တွင်ထိုင်ကာနေသော လူတယောက်အား လှမ်းမေးလိုက်သည်။

"ဘုရင်ကျင့်ဝမ်ချိုး...ခင်ဗျားရဲ့ကိုယ်လုပ်တော်ကမွေးတဲ့သားက ကျုပ်တူတော်ရဲ့ အမျိုးသားကိုယ်လုပ်တော်ဖြစ်နေတယ်လို့ကြားတယ်။ အဲ့တာတကယ်ပဲလား။"

ထိုအခါမှ ကျင့်ဝမ်ချိုးက ပြာသလဲလဲပုံစံဖြင့်

"မှန်....မှန်လှပါ....သိပ်တော့မကြာသေးပါဘူး။ "

"မင်းရဲ့သားက မိန်းကလေးတစ်ယောက်လိုမျိုး ရုပ်အဆင်းအင်္ဂါရပ် ရှိတယ်လို့ကြားခဲ့တာ။ ဒီလိုလူတယောက်ကိုတောင် မြူဆွယ်နိုင်တဲ့အစွမ်းမရှိဘူးလား။"

ချီရှန်းတို့ကြားထားသည့် ကောလဟာလသတင်းအရ နယ်စားမင်းနှင့် အခြားစော်ဘွားများအပြင် ဘုရင်ခံများပါ ပါဝင်နေပုံရပြီး ယွဲ့တိုင်းပြည်၏ ဘုရင်ကျင့်ဝမ်ချိုးသည်လည်း ကြံရာပါတစ်ဦးပင်။

ကျင့်ဝမ်ချိုးက ခေါင်းကိုသာငုံ့နေလိုက်သည်။ သူက ကြောက်တတ်သောဘုရင်တစ်ပါးဖြစ်ပြီး အစွမ်းအစမရှိသည်မှာ သေချာသည်။ နောက်ကွယ်က အမြဲလိုလို ကူညီပေးနေသော သူ၏မိဖုရားခေါင်ကြီးသာမရှိလျင် ချီရှန်းက ထိုနိုင်ငံကိုအပိုင်သိမ်းလိုက်ရုံသာမက သူတိူ့ကိုပါအသက်ရှင်ခွင့်ပေးတော့မည်မဟုတ်ချေ။ သူ၏ မိဖုရားခေါင်ကြီးကောင်းမှုကြောင့်သာ ယနေ့အချိန်ထိ ထီးနန်းကိုဆက်ထိန်းထားနိုင်ခြင်းဖြစ်သည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now