Part 47 ( သူ့ကိုယ်ပိုင် စိတ်ခံစားချက်မဟုတ်သရွေ့)

1.6K 265 12
                                    

အပိုင်း ၄၇ ( သူ့ကိုယ်ပိုင် စိတ်ခံစားချက်မဟုတ်သရွေ့)

" အန်းလု....!!!!"

ရှန်ဖန်းကအော်လိုက်တာကြောင့် အန်းလု၏အကြည့်သည် ချက်ချင်းပင်ရှန်ဖန်းဘက်သို့လှည့်သွား၏။ ထို့နောက် ချက်ချင်းပင် အားသုံးကာ ချီရှန်းလက်ထဲမှ ရုန်းထွက်လိုက်လေတော့၏။ ထို့နောက်တဖြည်းဖြည်းချင်း ချီရှန်းဘေးမှထွ​က်သွားပြီး ရှန်ဖန်းဘေးတွင် သွားရပ်နေလိုက်သည်။

ရှန်ဖန်းက သူ့ဘေးနားသိူ့ရောက်ကာလာသော အန်းလုအားတချက်ကြည့်လိုက်ပြီးနောက် အန်းလု၏လည်ပင်းတွင်နေရာယူနေပြီဖြစ်သော ထိုဆွဲကြိုးအား ကြည့်ကာ ခနဲ့သည့်အကြည့်ဖြင့်ကြည့်လိုက်ပြီးနောက် ဆက်ခနဲ ဆွဲဖြုတ်လိုက်လေတော့သည်။

ထိုအရာကြောင့် ချီရှန်းက သူ၏ဓားကိုပြန်ကောက်လိုက်ပြီး ရှေ့သို့တလှမ်းတိုးလာသည်။ ရှန်ဖန်းက လက်ထဲတွင် ထိုဆွဲကြိုးကိုကိုင်ထားလျက်ပင် ထို့ဆွဲကြိုးကိုသာကြည့်ရင်း ချီရှန်းကိုလက်ကာပြလိုက်သည်။

" နေ....အဲ့ဒီနေရာမှာပဲနေ။ မဟုတ်ရင် ငါသူ့ကို.....တစ်ခုခုလုပ်ခိုင်းလိုက်မှာ။"

" မင်း...."

ရှန်ဖန်းက ဆွဲကြိုးကိုကြည့်နေရာမှ ဘေးရှိအန်းလုကိုကြည့်ပြီးနောက် ချီရှန်းကိုပါကြည့်လိုက်သည်။

" ဆွဲကြိုးက... လှသားပဲ။ အချစ်...အချစ်.....အချစ်တဲ့လား။ အချစ်တစ်မျိုးတည်းနဲ့ လောကမှာဘာမှလုပ်စားလို့မရဘူးဆိုတာ မင်းတို့လိုပြည့်စုံပြီးတဲ့သူတွေကတော့ ဘယ်သိပါ့မလဲ။

ငါသူမနဲ့မတွေ့ခင်က ငါ့ရဲ့နေ့ရက်တွေတိုင်းက ငရဲလိုဖြစ်နေခဲ့တာ။ သူမလည်း ငါ့ရဲ့နေရောင်ခြည်လိုပဲ။ နေမင်းကြီးပဲ။ အဲ့တာတွေအကုန်လုံးကို မင်းနဲ့ မင်းအဖေကဖျက်စီးပစ်ခဲ့တာ။

အဓိကက.......မင်းအဖေ...!!!”

ရှန်ဖန်းသည် ချီရှန်းအား စူးရှသောအကြည့်ဖြင့်ကြည့်ရင်း လက်ညိုးထိုးကာ အော်လိုက်၏။ ချီရှန်းသည်လည်း မျက်မှောင်ကြုတ်လျက်သူ့ကိုကြည့်သည်။

" မင်းသိလား။ မင်းပုံစံက အရေးပေးမခံရတော့တဲ့ အညတရတကောင်လိုပဲ။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now