Part 27 ( ကျွန်တော့်ကို နားလည်ပေးလို့)

2.9K 456 23
                                    

အပိုင်း ၂၇ ( ကျွန်တော့်ကို နားလည်ပေးလို့)

* ကျွီ.......*

ကျီချန်း တဖက်ပြတင်းပေါက်မှ အရှေ့ဘက်ကိုပြန်ထွက်လာလိုက်စဥ်တွင်ပဲ တံခါးအဝနားတွင် ရပ်နေသော အနီရောင် ဝတ်ရုံရှည်နှင့် လူတစ်ယောက်ကို တွေ့လိုက်ရပြီး ကြည့်ရသည်မှာ အထဲသို့အသိပေးရန် တွေ၀ေနေပုံရသည်။

ကျီချန်း သိပ်မသင်္ကာတာကြောင့် ထိုထောင့်တဖက်တွင်ပင် ခတ္တခဏရပ်ကာပုန်းရန်ဆုံးဖြတ်လိုက်ပြီး ထိုလူကိုကြည့်လေတော့ ၀ူနန်နယ်စား၏ တတိယမြောက်သားတော်ဖြစ်နေလေ၏။

"မင်းသားသုံး...မင်းသားသုံးက ဘာလို့ဒီအချိန်ကြီး..."

ထိုလူက တံခါးကိုသုံး၊ လေးချက်ခန့် ခေါက်လိုက်သော်လည်း အထဲမှမည်သို့သောတုံ့ပြန်မှုမျိုးမှ မပေးတာကြောင့် ထိုတံခါးကို တွန်းကာဖွင့်လိုက်သည်။ ကျီချန်းက ထိုမြင်ကွင်းကို သူနားမလည်စွာ တွေးတောကြည့်နေသည်။

"ဘာလို့ မင်းသမီးချင်းယာရဲ့အခန်းကို အကိုဖြစ်သူက ဒီအချိန်ကြီးရောက်လာရတာလဲ။ ပြီးတော့ သူ့ရဲ့သတို့သမီးနဲ့အတူရှိနေသင့်တာလေ။"

ကျီချန်း ပတ်၀န်းကျင်၏အနေအထားကို တချက်လေ့လာကြည့်လိုက်သည်။

" ပြီးတော့ အစောင့်တွေလည်းမရှိဘူး။ မင်းသမီးရဲ့အဆောင်က ဘာလို့ဒီလောက်လစ်ဟာလွန်းနေရတာလဲ။"

* ခွမ်း...*

အတော်ကြာ တိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့ အထဲမှ အသံတစ်ခုကြားလိုက်ရသည်။ ကျီခန်းက ချက်ချင်းပင် အစောပိုင်းသူထွက်လာခဲ့သည့် ပြတင်းပေါက်ရှိရာမှ တံခါးရွက်ကို အသာဟကာ ချောင်းကြည့်လိုက်သည်။ ချင်းယာက နိုးနေလေပြီ။ သူမက အကိုဖြစ်သူအား နှင်လွှတ်နေပုံရသည်။ သူမ၏ မျက်နှာတစ်ခုလုံးက နီရဲကာနေလေပြီး ကိုယ်ခန္တာကလည်း အတင်းကိုတွန်းအားပေးစေခိုင်းခံနေရသလို ယိုင်ထိုးနေလေသည်။

"ထွက်သွား...ထွက်သွားလိူ့ပြောနေတယ်လေ........အခု ထွက်သွားလို့။"

သူမက စားပွဲပေါ်ရှိနောက်ထပ် ပန်းကန်လုံးများကို ပစ်ပေါက်ကာ ထပ်ခွဲလိုက်ပြန်သည်။ သူမ၏ မျက်ဝန်းမှ မျက်ရည်များက တလှိမ့်လှိမ့်စီးကျကာလာလေ၏။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now