Part 29 ( ယိချန်သို့ အမှာစာ)

2.3K 352 14
                                    

အပိုင်း ၂၉ ( ယိချန်သိူ့ အမှာစာ)

*ဒေါက် ဒေါက်*

နေအလင်းရောင်ပင် ကောင်းစွာတောက်ပခြင်းမရှိသေးခင် ပြင်ပရှိ တံခါးခေါက်သံကြောင့်အန်းလုက အိပ်ချင်မူးတူးနှင့်ပင် ကုတင်ပေါ်မှဆင်းကာ တံခါးမအားဖွင့်ပေးလိုက်သည်။ ပြင်ပတွင် မနေ့ကတင် ဆွေးနွေးစကားဆိုခဲ့သော ဘုရင်ကျင့်ဝမ်ချိုးက ရပ်ကာနေ၏။

" ဘုရင်ကျင့်ဝမ်ချိုး...အာ...မဟုတ်ဘူး..... ခမည်းတော်။"

အန်းလုက မျက်၀န်းများကိုပွတ်နေရာမှချက်ချင်းလက်ကိုပြန်ချလိုက်ရပြီး ခန္တာကိုယ်ကို အနည်းငယ်ပြင်လိုက်ရသေးသည်။ ပြီးနောက် သူ့ရှေ့တွင် သူပြင်လို့ဆင်လို့ပြီးမည့်အချိန်ကို မတ်တပ်ရပ်ကာစောင့်နေပါသော ကျင့်ဝမ်ချိုးအားဂါရဝပြုလိုက်သည်။ ကျင့်ဝမ်ချိုး၏ အမူအရာက အန်းလုကိုကြည့်ရင်း စိတ်မကောင်းဖြစ်နေသည့်ပုံပင်။

" ခမည်းတော်ကို အားချန် ဂါရ၀ပြုပါတယ်။"

"ရပါတယ် ကိုယ်လုပ်တော်ကျင့်။ သက်သာသလိုနေပါ။

ခမည်းတော် ဒီကိုလာတာ......... မင်းနဲ့ စကားနည်းနည်းလောက်........ပြောချင်လို့ပါ။ ခွင့်ပြုပေးလို့ရမလား။"

အန်းလုက အိပ်ယာထအမြဲနောက်ကျလေ့ရှိသည်။ ချီရှန်းက တစ်နေရာရာသို့ သွားနေပုံရ၏။ မနက်နိုးတော့ ဘေးနားတွင်ပင် မရှိတော့ချေ။ ဘယ်ကိုသွားဖြစ်မည်ဆိုသည်ကို ချီရှန်းက သေချာပေါက် သူ့ကိုပြောပြခဲ့မှာဆိုပေမဲ့ သူကလည်းအိပ်ရင်းပင် ခေါင်းညိမ့်ခဲ့မိလိမ့်မည်။ မဟုတ်ရင် ဒီအဆောင်နားကိုပင် ကျင့်၀မ်ချိုးကပ်လို့ရနိုင်မည်မဟုတ်။

အန်းလုက ကျင့်ဝမ်ချိုးအား အထဲသို့ဝင်ရန် လက်ပြလိုက်သည်။

"အထဲကိုကြွပါ။"

" ကျေးဇူးပါ ။ ကိုယ်လုပ်တော်ကျင့်။"

(ကိုယ်လုပ်တော်ကျင့်ဆိုတာကြီးက အတော်လေးကိုအသားမကျချင်ဘူး။)

အန်းလုမှာ သူ့ရှေ့တွင်ပင် ဖြတ်ကာအထဲ၀င်လာသော ကျင့်၀မ်ချိုးကိုကြည့်ရင်း သူ့ကွယ်ရာရောက်လေတော့ မသိမသာခေါင်းကုတ်မိလေသည်။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now