Part 28 ( လွတ်ငြိမ်းခွင့်)

2.2K 360 4
                                    

အပိုင်း ၂၈ ( လွတ်ငြိမ်းခွင့်)

"အဟမ်း...."

ချီရှန်းနှင့် အန်းလုတို့ တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ကာထားရင်းမှ ချောင်းဟန့်သံကြောင့် နှစ်ယောက်သားအသိ၀င်လာကာ ခွာလိုက်ကြသည်။ ချီရှန်းက ဆောင့်ကြောင့်ထိုင်နေသော အနေအထားနှင့်ပင် သူ၏အနောက်ဘက်သို့ ခေါင်းကိုစောင်းကာကြည့်လိုက်ပြီး အန်းလုကတော့ ခုံပေါ်တွင် ထိုင်လျက်ပင် လှမ်းကြည့်လိုက်သည်။

ယောက်ျားသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးပင်။

ချီရှန်းက သူတို့အား လှည့်ကြည့်လိုက်လေတော့ နှစ်ဦးစလုံးက သူတို့၏လက်ဖမိုးများကိုတဖက်နှင့်တစ်ဖက်ယှက်တင်ကာ ဂါရဝပြုလိုက်ကြသည်။

"ရှင်ဘုရင်လီချီရှန်း ကို ဂါရဝပြုပါတယ်။ "

ချီရှန်းက ထိုင်နေရာမှ ထလိုက်သည်။ သူ၏ လက်ဝတ်ရုံနှစ်ဖက်ကို ခါလိုက်ပြီးနောက် နောက်ဘက်သို့ လက်နှစ်ဖက်လုံးကိုထားလိူက်သည်။ အန်းလုကတော့ ထိုင်ခုံတွင် ထိုင်နေဆဲပင်။ ချီရှန်းက မနီးမဝေးတွင်ရှိနေသော ထိုနှစ်ယောက်အား သေချာကြည့်လိုက်ပြီးနောက်

"အော်...ဘုရင်ကျင့်ဝမ်ချိုး နဲ့ မိဖုရားကြီးတို့ပဲ။ ဒီကို ဘာကိစ္စကြောင့်များ လာကြတာလဲ။"

ထိုအခါမှ အန်းလုကလည်းထိုင်နေရာမှ ချက်ချင်းကောက်ထလိုက်လေသည်။ ထိုလူနှစ်ယောက်သည် ကျင့်ယိချန်၏ဖခင်နှင့် မိထွေးတို့ပင်ဖြစ်သည်။ မိဖုရားကြီးဖြစ်သူကတော့ ချီရှန်းထက်သူ၏နောက်တွင်ရှိနေသော ယိချန်၏ခန္တာကိုယ်ပုံစံနှင့်အန်းလုအား မျက်လုံးများကိုမှေးကျဉ်းကာ မျက်နှာမလွှဲပဲကြည့်နေလေ၏။

ကျင့်ဝမ်ချိုးကပင် ဦးဆောင်လျက် ချီရှန်းတို့အနားသို့ရောက်လာသည်။ မိဖုရားကြီးသည်လည်း သူနှင့်မလှမ်းမကမ်းမှလိုက်လာ၏။ အနားရောက်တော့ အန်းလုကချီရှန်းနောက်ဘက်ဘေးနားလောက်တွင် ရပ်ကာ သူတို့အားဂါရဝပြုလိုက်သည်။

"ခမည်းတော်နဲ့ ............... မိ...မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်။"

"အင်း သက်သာသလိုနေ။"

ဘုရင်ကျင့်ဝမ်ချိုးက လက်ထောင်ပြလိုက်ရင်းဆိုသည်။ မိဖုရားကြီးကတော့ ဘာမှဝင်မပြောချေ။ အန်းလုက သူ၏လက်ကိုပုံမှန်အတိုင်းပြန်ထားလိုက်ရင်း

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now